Healthy Life Ad
Life Style

ကိုယ်ဝန်ဆောင်ချိန်အတွင်း အဆီပိုတက်ခြင်း ကင်းအောင်

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

ကိုယ်ဝန်ဆောင်၊ ကလေးမွေးပြီးချိန်မှာ အများအားဖြင့် အဆီပိုတွေရှိနေတတ်ပါတယ်။ ဒီလိုမဖြစ်စေဖို့အတွက် ကိုယ်ဝန်ဆောင်ချိန်မှာ လိုက်နာသင့်တဲ့ နည်းလမ်းတွေရှိပါတယ်။

– ဗီတာမင်အေ၊ စီနှင့် အီးများများပါသော အစားအသောက် စားပါ
ဒီအစားအသောက်တွေက သင့်အသားအရေ လှပအောင်လည်း အထောက်အပံ့ပေးနိုင်သလို အဆီပိုတွေကိုလည်း လျော့ကျစေပါတယ်။ ထပ်ခါထပ်ခါအသုံးပြုထားတဲ့ ဆီနဲ့ကြော်တဲ့အစာ၊ တာရှည်ခံအောင် ပြုပြင်ထားတဲ့အစာနဲ့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့အစာတွေကို တတ်နိုင်သမျှ ရှောင်ဖို့လိုပါတယ်။ ပြည့်ဝဆီတွေနဲ့ လုပ်ထားတဲ့အစာတွေက အဆီပိုတွေ ကပ်ငြိစေတာကြောင့် အဆင်သင့်အစာတွေ မဝယ်ခင်မှာ ပြည့်ဝဆီ (Saturated Fats) ပါဝင်မှုရှိ၊ မရှိသေချာ ဆန်းစစ်ပြီး မပါမှ ဝယ်ပါ။

– အရေပြားကို ကြေးချွတ်ပွတ်တိုက်ပါ
ခန္ဓာကိုယ်အနှံ့ ကြေးချွတ်ပွတ်တိုက်တာက သွေးလှည့်ပတ်စီးဆင်းမှုကို ကောင်းမွန်စေပါတယ်။ ပေါင်၊ တင်ပါး၊ လက်မောင်း၊ ဝမ်းဗိုက်စတဲ့ နေရာတွေက အဆီပိုတွေ စုလွယ်တဲ့ အစိတ်အပိုင်းတွေ ဖြစ်ကြပါတယ်။ ဒါကြောင့် အဆီပိုတွေ ကင်းအောင် အရေပြားကို ဘရပ်ရှ်အနုနဲ့ အခြောက်ပွတ်တိုက်ပေးပါ။ ဒီလိုလုပ်တာကြောင့် အရေပြားအောက်မှာ အဆီပိုတွေမရှိအောင် ကာကွယ်ပေးနိုင်ပါတယ်။ တစ်နေ့မှာ နှစ်ကြိမ်လောက် ပြုလုပ်ပေးနိုင်ပါတယ်။

– ကိုယ်ဝန်ဆောင်ချိန် ကျင့်နိုင်သော ယောဂကျင့်စဉ်ကို ကျင့်ပါ
ကိုယ်ဝန်ဆောင်ချိန်မှာ လေ့ကျင့်ခန်းလုံးဝမလုပ်သင့်ဘူးလို့ အမျိုးသမီးတချို့က ထင်နေကြပါတယ်။ တကယ်တော့ ကိုယ်ဝန်ဆောင်ချိန်မှာ သင့်တော်တဲ့ ကိုယ်လက်လှုပ်ရှားမှုတွေကို လုပ်ပေးသင့်ပါတယ်။ ဒါမှသာ အဆီပိုတွေကပ်ငြိတဲ့ ပြဿနာ မဖြစ်စေမှာပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ ယောဂကျင့် စဉ်တချို့ကိုကျင့်တာက အဆီပိုတွေ ကင်းဝေး စေပြီး ကလေးမွေးပြီးချိန်မှာ ခန္ဓာကိုယ်လှပနေစေမှာပါ။

– နေ့စဉ် လက်ဖက်စိမ်းလက်ဖက်ရည် တစ်ခွက်သောက်ပါ
ကိုယ်ဝန်ဆောင်ချိန် တစ်ရက်မှာ လက်ဖက် စိမ်း လက်ဖက်ရည်ကို လေးခွက်ထက် ပိုမသောက် သင့်ပါဘူး။ လက်ဖက်စိမ်းလက်ဖက်ရည်မှာ ဓာတ် တိုးဆန့်ကျင်ပစ္စည်း အများအပြား ပါဝင်တာကြာင့် ခန္ဓာကိုယ်က အဆိပ်တွေကို ချေဖျက်ပေး နိုင်ပါတယ်။ လက်ဖက်စိမ်းလက်ဖက်ရည်ဟာ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပြီး အဆီပိုတွေမကပ်ငြိအောင်နဲ့ ရှိနေတဲ့ အဆီပိုတွေ ကင်းဝေးအောင် လုပ်ဆောင်ပေးနိုင်ပါတယ်။

– သကြားရှောင်ပါ
သကြားကိုတတ်နိုင်သမျှရှောင်တာက အဆီ ပိုတွေကင်းစေပြီး ကိုယ်အလေးချိန်အပိုမတက် အောင်ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် သကြားပါတဲ့ ဒိုးနပ်မုန့်တွေကိုလည်း တတ်နိုင်သမျှ ရှောင်ပါ။

– ရေများများ သောက်ပါ
ရေများများသောက်တာကြောင့် ခန္ဓာကိုယ် ထဲက အဆိပ်တွေစုပုံမှုမဖြစ်အောင် ကာကွယ်ပေးနိုင်သလို အဆီပိုတွေ ကပ်ငြိမှုမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ သင်စားတဲ့ အစားအသောက်ထဲမှာ ဆားလျှော့စားပြီး ခန္ဓာကိုယ်ထဲမှာ ရေဓာတ်မျှတမှုရှိအောင် လုပ်ဆောင်ပေးပါ။ ရေကိုများများသောက်ပေးရင် ကိုယ်ဝန်ဆောင်ချိန်မှာ ရေဓာတ်ပြည့်ဝကာ မူးဝေတာနဲ့ ပင်ပန်းတာတွေကို လျော့ကျစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top