Healthy Life Ad
Life Style

အိုမင်းတဲ့အထိ ရိုးမြေကျ ပေါင်းသင်းလိုတယ်ဆိုရင် . .

၊ ကိုထက် ၊

အိမ်ထောင်ရေး အဆင်မပြေတဲ့ သူတွေဟာ အိမ်မှာ သာယာပျော်မွေ့မှုမရှိဘဲ အမြဲထွက်ပေါက် ရှာလေ့ရှိတတ်ပါတယ်။ အဆင်ပြေပြီး သာယာတဲ့ အိမ်ထောင်သည်တွေကတော့ အသက်ကြီးရင့်တဲ့ အထိ တစ်ဦးနဲ့တစ်ဦး စနောက်ရင်း ချစ်ကြည်နူးစွာ ဖြတ်သန်းလေ့ရှိကြပါတယ်။ အိုမင်းတဲ့အထိ ရိုးမြေ ကျပေါင်းသင်းနိုင်ဖို့ ဇနီးမောင်နှံနှစ်ဦးစလုံးမှာ ရှိထားသင့်တဲ့ အချက်တွေကို ဖော်ပြလိုက်ပါတယ်။

(၁) ယုံကြည်မှု
တစ်ဦးနဲ့တစ်ဦး ယုံကြည်မှုမရှိဘဲ သာယာ ပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို မတည်ဆောက်နိုင် ပါဘူး။ ယုံကြည်မှုဟာ အိမ်ထောင်ရေးခိုင်မြဲဖို့တင်မက မိတ်ဆွေသူငယ်ချင်းတွေ၊ မိသားစုဝင်တွေနဲ့ ချစ်သူတွေကြားမှာ သံယောဇဉ်ခိုင်မြဲဖို့ အရေးပါတဲ့ အချက်ပါ။ ယုံကြည်မှုမရှိတဲ့ စုံတွဲတွေက တစ်ဦးနဲ့တစ်ဦး အလွန်အမင်း သဝန်တိုတာ၊ လိမ်ညာတာ၊ လုံခြုံမှု မရှိသလို ခံစားရတာ စတဲ့ ခံစားချက်တွေ ဖြစ်ပေါ် စေတတ်ပြီး နောက်ဆုံး တစ်ဦးကိုတစ်ဦး ရှောင်ဖယ်တတ်လာပါတယ်။ ယုံကြည်မှုရှိသူတွေကတော့ ဘယ်လောက်ပဲ ဝေးကွာတဲ့ နေရာမှာရှိနေပါစေ၊ ရင်ထဲက အနီးဆုံးနေရာမှာ ရှိနေတတ်ကြပါတယ်။

(၂) မျှတမှု
မျှတမှုမရှိရင် အိမ်ထောင်ရေးက ပျော်စရာမကောင်းပါဘူး။ ဇနီးမောင်နှံနှစ်ဦးမှာ တစ်ဦးကို အ လွန်အမင်းကြောက်ရွံ့နေရရင် လုံခြုံမှုမရှိတော့ပါဘူး။ အရာရာကို တစ်ဦးနဲ့တစ်ဦး တိုင်ပင်ညှိနှိုင်းပြီး သူ့ဆန္ဒ၊ ကိုယ့်ဆန္ဒကို အပြန်အလှန် လိုက်လျောတတ်တဲ့အိမ်ထောင်ရေးကသာ မျှတမှု ရှိပြီး ပျော်ရွှင်ခိုင်မြဲစေတာ ဖြစ်ပါတယ်။

(၃) အပြန်အလှန် လေးစားမှု
အိမ်ထောင်သည်တွေ တစ်ဦးအပေါ်တစ်ဦး လေးစားမှုရှိရင် ခိုင်မြဲတဲ့ ချစ်ခြင်းမေတ္တာကို ဖြစ်ပေါ် စေပါတယ်။ အပြန်အလှန် လေးစားတဲ့စိတ်နဲ့ တစ်ဦးနဲ့တစ်ဦး အားပေးထောက်ပံ့တဲ့ အိမ်ထောင်ရေးဟာ အောင်မြင်မှုလည်း ရရှိသလို ပျော်ရွှင်မှုကိုလည်း ရရှိစေပါတယ်။

(၄) ကောင်းမွန်သော ဆက်ဆံရေ
သင့်အိမ်ထောင်ဖက်က သင်ပြောသမျှ နား ထောင်ပြီး သင့်အမြင်ကို နားလည်လက်ခံပေးသူ ဖြစ်တယ်ဆိုရင် သင့်မှာကောင်းမွန်တဲ့ ဆက်ဆံရေး ရှိပါတယ်။ သင့်ခံစားချက်မှန်သမျှ သဘောမတူရင်တောင် သင့်ခံစားချက်ကို မျှဝေနားထောင်ပေးတတ်ရင် အဆင်ပြေတဲ့ အိမ်ထောင်ရေးပါပဲ။

(၅) တစ်ဦးအပေါ် တစ်ဦး အမှီသဟဲ ပြုခြင်း
ဒါက ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ စိတ်ဓာတ်မျိုးကို ဆိုလိုတာပါ။ ကျန်းမာရေး၊ လူမှုရေး၊ သာရေး၊ နာရေး စတဲ့ ကိစ္စရေးရာတွေမှာ တစ်ဦးကိုတစ်ဦး အားပေးကူညီရင်း တိုင်ပင်ညှိနှိုင်းဆောင်ရွက်ပေးလေ့ရှိတယ်ဆိုရင် ခိုင်မြဲသာယာတဲ့ အိမ် ထောင်ရေးကို ဖြစ်ပေါ်စေပါတယ်။

Most Popular

Healthy Life Ad
To Top