Healthy Life Ad
Life Style

ရာသီလာခြင်းမဟုတ်ဘဲ သွေးအနည်းငယ်ဆင်းရသည့် အကြောင်းရင်းများ

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

လစဉ်ရာသီစက်ဝန်းမလာခင် သွေးအနည်းငယ်ဆင်းရတဲ့ အကြောင်းရင်းအမျိုးမျိုးရှိပါတယ်။ ပုံမှန်ရာသီလာတဲ့ဖြစ်စဉ်နဲ့မဆိုင်ဘဲ ရာသီသွေး အနည်းငယ်ဆင်းတာကို ဆိုလိုပါတယ်။

သားဥကြွေခြင်း
သားဥကြွေရင် အမျိုးသမီးအများစု သတိမပြုမိတတ်ပါဘူး။ တချို့အမျိုးသမီးတွေအနေနဲ့ သားဥကြွေပြီး တစ်ရက်အတွင်း သွေးစအနည်းငယ်ဆင်းတတ်ပါတယ်။ ဒါက သားဥကြွေတာကြောင့်ဖြစ်တဲ့ ပုံမှန်အခြေအနေပဲ ဖြစ်ပါတယ်။

သန္ဓေတားခြင်း
ဟော်မုန်းပါတဲ့ သန္ဓေတားနည်းအများစုကို သုံးတာကြောင့် ဘေးထွက်ဆိုးကျိုးအနေနဲ့ ရာသီ သွေးအနည်းငယ်ဆင်းတတ်ပါတယ်။ အထူးသဖြင့် သန္ဓေတားဆေး၊ ဟော်မုန်းပါတဲ့ သားအိမ် တွင်းထည့်ပစ္စည်း(IUD)နဲ့ ကပ်ခွာ၊ သန္ဓေတားထိုးဆေးအစရှိတာတွေရဲ့ ဘေးထွက်ဆိုးကျိုး အနေနဲ့ တစ်ခါတစ်ရံ သွေးဆင်းတတ်ပါတယ်။

ကိုယ်ဝန်ဆောင်ခြင်း
ကိုယ်ဝန်ဆောင်ပြီး လအနည်းငယ်အတွင်း သွေးအနည်းငယ်ဆင်းတာမျိုး ဖြစ်တတ်ပါတယ်။ ဒါက စပျစ်သီးသန္ဓေလို့ခေါ်တဲ့ Ectopic Pregnancy ရဲ့ လက္ခဏာတစ်ရပ်လည်း ဖြစ်နိုင်တာကြောင့် စနစ်တကျအဖြေရှာပြီး ကုသသင့်ပါတယ်။

ကိုယ်ဝန်ပျက်ကျခြင်း
ကိုယ်ဝန်ရှိချိန်မှာ သွေးဆင်းတာက ကိုယ်ဝန်ပျက်ကျတဲ့လက္ခဏာလည်း ဖြစ်နိုင်ခြေရှိတဲ့အတွက် ဆေးရုံ၊ ဆေးခန်းကို အမြန်ဆုံးသွားသင့်ပါတယ်။

ဟော်မုန်း မမျှတခြင်း
ကိုယ်ဝန်ဆောင်တာ ဒါမှမဟုတ် သန္ဓေတားတာတို့ကြောင့် သွေးစအနည်းငယ်ဆင်းတာထက် ဟော်မုန်းမမျှတမှုဖြစ်တာကြောင့် သွေးစအနည်းငယ်ဆင်းတတ်ပါတယ်။ သင့်ခန္ဓာကိုယ်က ဆေး ဝါးတချို့မှီဝဲရတာ ဒါမှမဟုတ် သိုင်းရွိုက်ပြဿနာတွေကြောင့် ဖြစ်နိုင်သလို အီစထရိုဂျင်များများ ထွက်ရှိတာနဲ့ ပရိုဂျက်စတီရုန်း အလုံအလောက် မထွက်တာတို့ကြောင့်လည်း ဖြစ်တတ်ပါတယ်။

ပြင်းထန်သော ကျန်းမာရေးပြဿနာများ
ရာသီမလာခင် သွေးစအနည်းငယ်ဆင်းတာက သားအိမ်အသားလုံး၊ သားအိမ် polyps ၊ မမျိုး ဥအိမ်အရည်အိတ်နဲ့ သားအိမ်ကင်ဆာစတဲ့ အခြေခံအကြောင်းရင်းတွေရဲ့ လက္ခဏာတစ်ရပ်လည်း ဖြစ်နိုင်ပါတယ်။ ဒီအခြေအနေတွေက ပြင်းထန်တတ်တာကြောင့် စစ်ဆေးကုသမှုခံယူဖို့လိုအပ်ပါတယ်။

ဆရာဝန်နှင့် ပြသသင့်သော အခြေအနေ
ရာသီလာချိန် တစ်ကြိမ်နဲ့တစ်ကြိမ်ကြား သွေးစအနည်းငယ်ဆင်းနေရင် ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။ တကယ်လို့ သွေးစအနည်းငယ်ဆင်းတဲ့ အခြေအနေမဟုတ်ဘဲ သွေးအများကြီး ဆင်းတယ်ဆိုရင် ဆရာဝန်ထံ ချက်ချင်းသွားရောက်တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top