Life Style
ရာသီလာခြင်းမဟုတ်ဘဲ သွေးအနည်းငယ်ဆင်းရသည့် အကြောင်းရင်းများ
၊ စူး ၊ (ဆေးဝါးတက္ကသိုလ်) လစဉ်ရာသီစက်ဝန်းမလာခင် သွေးအနည်းငယ်ဆင်းရတဲ့ အကြောင်းရင်းအမျိုးမျိုးရှိပါတယ်။ ပုံမှန်ရာသီလာတဲ့ဖြစ်စဉ်နဲ့မဆိုင်ဘဲ ရာသီသွေး အနည်းငယ်ဆင်းတာကို ဆိုလိုပါတယ်။ သားဥကြွေခြင်း သားဥကြွေရင် အမျိုးသမီးအများစု သတိမပြုမိတတ်ပါဘူး။ တချို့အမျိုးသမီးတွေအနေနဲ့ သားဥကြွေပြီး တစ်ရက်အတွင်း သွေးစအနည်းငယ်ဆင်းတတ်ပါတယ်။ ဒါက သားဥကြွေတာကြောင့်ဖြစ်တဲ့ ပုံမှန်အခြေအနေပဲ...