Healthy Life Ad
Health Tips

အသက်ကြီးလာပေမယ့် မှတ်ဉာဏ်မပျက်စီးအောင် . . .

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

အသက်ကြီးလာတဲ့အခါ မှတ်ဉာဏ်ဆုံးရှုံးမှာကို လူအများစု ကြောက်ရွံ့ကြပါတယ်။ ကိုယ်ရင်းနှီးတဲ့ လူတွေရဲ့နာမည်၊ ပြောမယ့်စကားလုံးတွေ၊ အချက်အလက်တွေနဲ့ မျက်နှာတွေကို မေ့လျော့တဲ့အခါ ဘဝမှာ အလွဲလွဲအမှားမှား တွေဖြစ်တတ်ပါတယ်။ ဦးနှောက် မှာရှိတဲ့ ဟစ်ပိုကမ်းပက်စ်နေရာဟာ မှတ်ဉာဏ်နဲ့ သင်ယူလေ့လာမှုတို့နဲ့ ဆိုင်တဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။ အသက်ကြီးလာပေမယ့် ဦးနှောက်ရဲ့ ဒီအစိတ်အပိုင်းတွေ ဖွံ့ဖြိုးနေ အောင်ပြုလုပ်သင့်တဲ့ အလွယ်နည်း တွေကို မျှဝေလိုက်ပါတယ်။

(၁) ဦးနှောက်ကို စိန်ခေါ်ပါ
ဘာသာစကားအသစ်သင်ယူလေ့လာတာ၊ တေးဂီတတူရိယာတစ်မျိုးကို လေ့လာတာတို့လို ရိုးရာလုပ်ငန်း ဆောင်တာတွေကိုလုပ်ဆောင်တာကြောင့် အနည်းဆုံး ရေတိုမှတ်ဉာဏ်ထိခိုက်မှုကို ဖြစ်စေနိုင်ပါတယ်။

(၂) လေ့ကျင့်ခန်းလုပ်ပြီး ကျန်းမာရေးနှင့် အညီစားသောက်ပါ
လေ့ကျင့်ခန်းကို ပုံမှန် လုပ်ဆောင်တာနဲ့ ကျန်းမာရေးနဲ့အညီ စားသောက်တာတို့ဟာ သူငယ်ပြန် မှတ်ဉာဏ် လျော့နည်းရောဂါမဖြစ်အောင် ကာကွယ်နိုင်တဲ့ နည်းလမ်းတွေ ဖြစ်ပါတယ်။ လူမှုဘဝမှာတက်တက်ကြွကြွနေထိုင်ပြီး အပေါင်းအသင်းဝင်ဆန့်တာကြောင့် ဦးနှောက်နျူရွန်တွေကို ကျန်းမာစေပြီး မှတ်ဉာဏ် ကောင်းမွန်စေပါတယ်။

(၃) အိပ်ရေးဝ၀ အိပ်စက်ပါ
ညစဉ် အိပ်ရေးဝ၀ အိပ်စက်တာကြောင့် မှတ်ဉာဏ်ကောင်းမွန်စေပါတယ်။

(Ref; BBC)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top