Healthy Life Ad
Health Tips

နှလုံးကျန်းမာရေးအတွက် အကောင်းဆုံး လေ့ကျင့်ခန်းများ

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

လေ့ကျင့်ခန်းကို အသင့်အတင့်ပြုလုပ်ပေးတာက နှလုံးရောဂါအပါအဝင် နာတာရှည်ဝေဒနာတွေရဲ့ဖြစ်နှုန်းကို သိသိသာသာလျော့ကျစေပါတယ်။ မပြင်းထန်တဲ့ လေ့ကျင့်ခန်းအသင့်အတင့်ကို တစ်ပတ်မှာ အနည်းဆုံး ၁၅၀မိနစ်လောက် ပြုလုပ်ပေးဖို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ နှလုံးကျန်းမာဖို့ရာအတွက် အကောင်းဆုံး ပြုလုပ်သင့်တဲ့ လေ့ကျင့်ခန်းတွေကို မျှဝေလိုက်ပါတယ်။

(၁) ခပ်သွက်သွက် လမ်းလျှောက်ခြင်း
ခပ်သွက်သွက်လမ်းလျှောက်တာက သင့်ခန္ဓာကိုယ်သန်စွမ်းကြံ့ခိုင်မှုကို ပိုအားကောင်းစေပါတယ်။ သက်သောင့်သက်သာရှိတဲ့ ရှူးဖိနပ်၊ အားကစားဝတ်စုံတို့နဲ့အတူ ခပ်သွက်သွက်လမ်းလျှောက်နည်းကို ပြုလုပ်သင့်ပါတယ်။

(၂) ပြေးခြင်း
ပြေးတာကလည်း နှလုံးကျန်းမာစေတဲ့ လှုပ်ရှားနည်းတစ်ခုပါပဲ။ ပြေးတဲ့အခါ ကိုယ်အလေးချိန်ကို ထိန်းပေးတဲ့အပြင် နှလုံးရောဂါဖြစ်နှုန်းပါ လျော့နည်းသွားပါတယ်။ အခုမှ စပြေးမယ့်သူတွေအနေနဲ့ ငါးမိနစ်လောက်ပဲ ခပ်သွက်သွက်ပြေးကြည့်ပါ။ တဖြည်းဖြည်း ကြံ့ခိုင်သန်စွမ်းလာမှသာ ပြေးချိန်ကို မြှင့်ပေးသင့်ပါတယ်။

(၃) ရေကူးခြင်း
အခုလို နွေရာသီမှာအသင့်တော်ဆုံးပြုလုပ်သင့်တဲ့နည်းက ရေကူးတာပါပဲ။ ရေကူးတာကြောင့် နှလုံး ခုန်နှုန်းကိုကောင်းစေရုံသာမက နှလုံးကျန်းမာစေပါ တယ်။ ရေကူးတာကြောင့် နှလုံးကြွက်သားအပါအဝင် တစ်ကိုယ်လုံးရှိ ကြွက်သားတွေကိုသန်စွမ်းစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top