Healthy Life Ad
Health Tips

နေလောင်ခြင်းအတွက် အိမ်တွင်းကုထုံး

၊ ငွေကြယ်စင်ယံ ၊

အခုလို နွေရာသီမှာ မဖြစ်မနေ အပြင်ထွက် သွားလာရသူတွေအဖို့ နေလောင်ဒဏ်ရာ ရတတ်ပါတယ်။ နေလောင်ဒဏ်ရာရတဲ့အခါ အမြန်သက်သာစေမယ့် အိမ်တွင်းကုထုံးတွေကို မျှဝေလိုက်ပါတယ်။

(၁) ကာကွယ်ခြင်းက အကောင်းဆုံး ဆေးနည်းပါ။ နေကာခရင်မ်လိမ်းပါ။ အရောင်လွင်တဲ့ အဝတ်အစားဝတ်ပါ။ နေရောင်ခြည်ဒဏ် တိုက်ရိုက်မခံရအောင်သတိထားပါ။

(၂) သခွားသီးမှာ အကိုက်အခဲပျောက်စေတဲ့အစွမ်းနဲ့ အင်တီအောက်ဆီးဒင့်အစွမ်းရှိပါတယ်။ သခွားသီးကိုမွှေစက်နဲ့ကြိတ်ပြီးရလာတဲ့ အနှစ်ကို နေလောင်ဒဏ်ရာရတဲ့ အရေပြားပေါ်မှာ ကပ်ပေးပါ။ မျက်နှာပေါ်မှာလည်း ကပ်လို့ရပါတယ်။

(၃) ရေနွေးကြမ်းသောက်ပြီး မသုံးတော့တဲ့ လက်ဖက်ခြောက်ကို သန့်ရှင်းတဲ့ ပိတ်စထဲထုပ်ကာ နေလောင်ထားတဲ့ အရေပြားပေါ်ကပ်ပေးပါ။ လက်ဖက်ခြောက်မှာပါတဲ့ တန်းနစ်အက်ဆစ်က နေလောင်ဒဏ်ရာက အပူတွေကိုစုပ်ယူပြီး အရေပြားရဲ့ စံအဆင့်ကို ဟန်ချက်ညီအောင် ထိန်းပေးပါတယ်။

(၄) အရေပြားမှာ ဗီတာမင်အီးအဆီလိမ်းပေးရင် အရေပြားရောင်ရမ်းမှုကို လျော့ကျစေပါတယ်။ ဗီတာမင်အီးက အင်တီအောက်ဆီးဒင့်တစ်မျိုးပါ။

(၅) နို့အေးက အရေပြားနေလောင်ဒဏ်ရာကို ကုသပေးတဲ့အရာပါ။ နို့ထဲမှာပါတဲ့ ပရိုတင်းက နေလောင်ဒဏ်ကြောင့်ဖြစ်တဲ့ အရေပြားမသက်မသာဝေဒနာကို သက်သာစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top