Healthy Life Ad
International

၆၀ကျော်အရွယ်ရောက်နေလျှင်ပင် ဆေးလိပ်ဖြတ်ပါက ကောင်းကျိုးရနိုင်သေး

၊ မိုးမင်းထွန်း ၊

အမေရိကန်သုတေသီတွေက ဆေးလိပ်လုံးဝမသောက်သူ၊ အရင်က သောက်ဖူးသူနဲ့ လောလောလတ်လတ်သောက်သုံးဆဲသူတွေပါဝင်တဲ့ အသက် ၇၀ ကျော်အရွယ် အမျိုးသား၊ အမျိုးသမီးတွေကို ၆ နှစ်ကြာ နှိုင်းယှဉ်လေ့လာခဲ့ကြပါတယ်။ လေ့လာမှုအရ ဆေးလိပ်ဖြတ်တာက အချိန်နောက်ကျတယ်မရှိဘူးလို့ တွေ့ရှိခဲ့ပါတယ်။

အသက် ၇၀ ကျော်အရွယ်တွေထိ ဆေးလိပ်သောက်သူတွေက လုံးဝမသောက်သူတွေထက်ပိုပြီး စောစောသေဆုံးနိုင်ခြေ ၃ ဆမြင့်မားတာကို တွေ့ရှိခဲ့ပါတယ်။ သုတေသနကို အမေရိကန် ပြည်ထောင်စု၊ မေရီလန်းရှိ အမျိုးသားကင်ဆာအဖွဲ့က ဦးဆောင်ပြုလုပ်ခဲ့တာပါ။ လေ့လာတဲ့ အချိန်အတောအတွင်း ပါဝင်သူတွေရဲ့ ၁၆ ရာခိုင်နှုန်း သေဆုံးခဲ့ပါတယ်။ ဆေးလိပ်လုံးဝ မသောက်သူ ၁၂ ဒသမ ၁ ရာခိုင်နှုန်းပါဝင်ပြီး ဆေးလိပ်သောက်သူ ၃၃ ဒသမ ၁ရာခိုင်နှုန်းပါဝင်ခဲ့ပါတယ်။

သေဆုံးသူစုစုပေါင်း အချိုးအရ အသက် ၃၀ ကျော်အရွယ်မှာ ဆေးလိပ်ဖြတ်ခဲ့သူ ၁၆ ဒသမ ၂ ရာခိုင်နှုန်း၊ ၄၀ကျော်အရွယ်မှာ ဖြတ်ခဲ့သူ ၁၉ ဒသမ ၇ ရာခိုင်နှုန်း၊ ၅၀ကျော် အရွယ်မှာ ဖြတ်ခဲ့သူ ၂၃ ဒသမ ၉ ရာခိုင်နှုန်းပါဝင်ခဲ့ပါတယ်။ ၆၀ကျော်အရွယ်မှာ ဆေးလိပ်ဖြတ် သူ သေဆုံးနှုန်းက ၂၇ ဒသမ ၉ ရာခိုင်နှုန်းပါဝင်ခဲ့ပြီး ဒီရာခိုင်နှုန်းက ဆေးလိပ်သောက်သူတွေ ထက် ၅ ဒသမ ၂ ရာခိုင်နှုန်းလျော့နည်းနေတာကို တွေ့ခဲ့ရပါတယ်။

အချက်အလက်တွေအရ စောစောဆေးလိပ်ဖြတ်နိုင်လေ အသက်ပိုရှည်လေဖြစ်ပြီး အသက်ကြီးချိန်မှာ ဆေးလိပ်ဖြတ်ဖို့လည်း အချိန်နောက်မကျသေးကြောင်း သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။

(Ref; TS)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top