Healthy Life Ad
Life Style

အင်ဆူလင်ထိုးရသည့် အမျိုးအစား(၂) ဆီးချိုသွေးချိုရောဂါရှင်တို့၏ တစ်နေ့တာဘဝ (၁)

ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး)

သိသင့်သိထိုက်သော ဆီးချိုသွေးချိုရောဂါ အကြောင်းအရာများ(၂)

အမျိုးအစား(၂) ဆီးချိုသွေးချိုရောဂါသည်တွေဟာ နှစ်ကြာလာတာနဲ့အမျှ တဖြည်းဖြည်း သွေးချိုတွေ ထိန်းရခက်လာပါတယ်။ ဆေးတွေလည်း ပိုပြီးသုံးဖို့လိုအပ်လာပါတယ်။ စားဆေးတွေမနိုင်တော့ရင် အင်ဆူလင်ထိုးရပါမယ်။ မထိုးဘဲနေရင်လည်း နောက်ဆက်တွဲရောဂါဆိုးတွေက ကိုယ့်ဆီကိုပြေးပြီး ဝင်လာနေသလိုဖြစ်ပါမယ်။ အင်ဆူလင်ထိုးမှသာ ဒီရောဂါဆိုးတွေကို နောက်ပြန်ဆုတ်သွားအောင်၊ ဒါမှမဟုတ် ရှိတဲ့နေရာမှာရပ်တန့်နေအောင်၊ အနည်းဆုံးတော့ ဖြည်းဖြည်းပဲလာအောင် ပြုလုပ်ထားနိုင်မှာဖြစ်ပါတယ်။ မလိုလားအပ်တဲ့ အင်ဆူလင်ရဲ့ ဘေးထွက်ဆိုးကျိုးတွေကို သိရှိနားလည်ထားပြီး ရှောင်ရှားနိုင်မှသာ အင်ဆူလင်ရဲ့ အကျိုးကျေးဇူးတွေကို အပြည့်အဝရရှိနိုင်မှာဖြစ်ပါတယ်။

အမျိုးအစား(၂) ဆီးချိုသွေးချိုရောဂါသည်တွေဟာ နှစ်ကြာလာတာနဲ့အမျှ တဖြည်းဖြည်း သွေးချိုတွေ ထိန်းရခက်လာပါတယ်။ ဆေးတွေလည်း ပိုပြီးသုံးဖို့လိုအပ်လာပါတယ်။ စားဆေးတွေမနိုင်တော့ရင် အင်ဆူလင်ထိုးရပါမယ်။ မထိုးဘဲနေရင်လည်း နောက်ဆက်တွဲရောဂါဆိုးတွေက ကိုယ့်ဆီကိုပြေးပြီး ဝင်လာနေသလိုဖြစ်ပါမယ် . . .

အင်ဆူလင်ထိုးနေရသူတွေအတွက် သူတို့ရဲ့မူလပြုလုပ်နေကျ ဘဝနေထိုင်မှုတွေ၊ ဆောင်ရန်ရှောင်ရန်တွေကို အရှေ့မှာဖော်ပြထားတဲ့အတိုင်း ဆက်လက်ဆောင်ရွက်ရမယ့်အပြင် ပိုတိုးလာတဲ့သတိပြုရမယ့်အချက်တွေကို ဦးတည်ဖော်ပြသွားပါမယ်။

သွေးချိုစစ်ဆေးခြင်း

အိပ်ရာထ၊ သန့်ရှင်းရေးတွေလုပ်ဆောင်ပြီးရင် သွေးစစ်ရပါမယ်။ သွေးစစ်ပြီးအဖြေကို မှတ်တမ်းမှာ ရေးမှတ်ထားရပါမယ်။ အင်ဆူလင်ထိုးရသူတွေမှာ စားဆေးနဲ့ပဲ ကုရသူတွေနဲ့စာရင် လက်ထိပ်သွေးချိုပိုစစ်ရပါမယ်။ တစ်နေ့မှာ သွေးဘယ်နှစ်ခါစစ်ရမလဲဆိုတာကတော့ လူနာတစ်ဦးချင်းပေါ်မူတည်ပါတယ်။ သွေးချိုအကျလွန်တဲ့ ဘေးအန္တရာယ်ပိုများရင် တစ်နေ့ ၄ကြိမ် ဖောက်ရမှာဖြစ်ပြီး အနည်းဆုံးနှစ်ကြိမ်ဖောက်ရပါမယ်။ အထူးသဖြင့် ဆေးစထိုးချိန် တစ်လအတွင်းမှာ အထူးဂရုစိုက်ပြီးပိုဖောက်ရပါမယ်။ ဆေးထိုးသူတွေကို အစာမစားမီဖောက်ရပါမယ်။ နံနက်စာ၊ နေ့လယ်စာ၊ ညနေစာ၊ ညအိပ်ခါနီးဆိုပြီး စစ်နိုင်တဲ့အချိန် လေးချိန်ရှိပေမယ့် အင်ဆူလင်ထိုးတဲ့ကုထုံးစနစ်၊ အသုံးပြုတဲ့ဆေးအမျိုးအစားပေါ်မူတည်ပြီး အဓိက နံနက်စောစောနဲ့ ညနေမစားမီ စစ်ရပါမယ်။ သွေးချိုသိပ်မြင့်နေစဉ် ဆီးချိုရောဂါမငြိမ်သက်ရင်၊ အသက်ကြီးရင်၊ တခြားရောဂါအခံတွေရှိနေရင် ပိုပြီးစစ်ရပါမယ်။

ဆေးထိုးခြင်း

အင်ဆူလင်ကို လူနာကိုယ်တိုင် ဒါမှမဟုတ် မိသားစုတစ်ယောက်က ထိုးပေးနိုင်ပါတယ်။ ဆေးခန်းသွားပြီး ဆရာဝန်ထံ ဆေးသွားထိုးဖို့မလိုပါဘူး။ ဆေးထိုးနည်းတွေ လူနာကိုသင်ပြထားပြီးဖြစ်ပါတယ်။ ဘယ်နေရာတွေမှာ ထိုးနိုင်သလဲဆိုတော့ လက်မောင်းအပြင်ဘက်၊ ပေါင်အပြင်ဘက်တွေမှာ ထိုးကြတာများပါတယ်။ ဝမ်းဗိုက်အခေါက်မှာ ချက်နဲ့ခပ်ခွာခွာထားပြီးထိုးရင် အကောင်းဆုံးဖြစ်ပါတယ်။ နေရာရွှေ့ပြီးထိုးရပါမယ်။ တစ်နေရာတည်းမှာပဲ ဆက်ကာဆက်ကာထိုးနေပါက အဆီတွေများလာပြီး တစ်နေရာတည်းမှာ ကွက်ပြီးဖောင်းလာပါမယ်။ ဘုကြီးထလာပါမယ်။ ဒီဘုပေါ်မှာဆေးထိုးနေရင် ဆေးစွမ်းပြတာ နှေးကွေးတတ်ပါတယ်။ ဆေးထိုးအပ်ကို အရေပြားရဲ့မျက်နှာပြင်နဲ့ တည့်တည့် ဒါမှမဟုတ် ၄၅ဒီဂရီစောင်းပြီး အဆီလွှာထဲထိုးရပါမယ်။

အစာစားခြင်း (အဓိကအစာ)

ဆေးထိုးပြီး နာရီဝက်ခန့်စောင့်ဆိုင်းပြီးမှ အစာစားရပါမယ်။ တချို့လည်း ဗိုက်ဆာနေရင် ၁၅ မိနစ်ခန့်စောင့်ပြီး စားနိုင်ပါတယ်။ အစာမှာ ကာဗိုဟိုက်ဒရိတ်လို့ခေါ်တဲ့ ကစီဓာတ်တွေ အချိုးကျပါဝင်ရပါမယ်။ ထမင်း၊ ဒါမှမဟုတ် ဂျုံနဲ့ပြုလုပ်ထားတဲ့ အစာတွေပါမှသာ သွေးအချိုဓာတ်အကျလွန်တာမဖြစ်အောင် တားဆီးနိုင်ပါမယ်။

အစာနဲ့ဆေး ကိုက်ညီမှုရှိအောင် အာဟာရပညာရှင်တွေက တိတိကျကျတိုင်းပေးနိုင်ပါတယ်။ ဃမေဘ ခသကညအငညါ Carbcounting လို့ခေါ်ပါတယ်။ အစာကို အချိန်မှန်မှန်စားရပါမယ်။ ဆေးထိုးပြီး အစာမစားဘဲနေလိုက်ရင် သွေးချိုကျပြီး သတိလစ်သွားနိုင်ပါတယ်။ ဆေးနှစ်ကြိမ်ထိုးသူတွေမှာ အထူးသဖြင့် တစ်နေ့လုံးအတွက် အင်ဆူလင်ဆေးအရှိန်ကလည်းတက်နေတုန်း နေ့လယ်စာနောက်ကျနေရင် ဒီလိုပြဿနာတွေရှိလာနိုင်ပါတယ်။ အင်ဆူလင်ကို မထိုးရဲတော့ဘဲ ကြောက်သွားမှာဖြစ်ပါတယ်။

အစာစားခြင်း (အဆာပြေ)

အရှေ့မှာပြောပြထားသလို အင်ဆူလင်ဟာ ဆေးသက်ပေါ်မူတည်ပြီး အမျိုးအစားခွဲထားပါတယ်။ မစ်စ်တတ်ဒ် (mixtard) ဆေးဟာ ၁၂နာရီခန့် ဆေးသက်ရှိတာကြောင့် တစ်နေ့နှစ်ကြိမ်ထိုးရပါတယ်။ ဆေးရှိန်မကုန်သေးခင် အစာကကြေသွားပါက နောက်တစ်ကြိမ်ထပ်စားရပါမယ်။ အဆာပြေအနေနဲ့ စားရပါမယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top