Healthy Life Ad
Health Tips

ကားမောင်းစဉ် ခါးအောက်ပိုင်းနာကျင်မှု ကင်းဝေးစေရန်

ကားမောင်းတဲ့အချိန်မှာ ခါးအောက်ပိုင်း နာကျင်မှုကင်းဝေးစေဖို့သင့် ဘောင်းဘီအနောက် ဘက် အိတ်ကပ်ထဲက သော့တွေ၊ ခေါက်ပိုက်ဆံ အိတ်အစရှိတဲ့ အသုံးအဆောင်ပစ္စည်းတွေကို ထုတ်ထားဖို့လိုပါတယ်။ ဒီပစ္စည်းတွေက သွေးလှည့်ပတ်မှုကို လျော့ကျစေပြီး နာ့ဗ်ကြောတွေကို ဖိနှိပ်ထားလို့ပါ။

ဘောင်းဘီအနောက်ဘက်ရှိ အိတ်ကပ်ထဲမှာ ပိုက်ဆံအိတ်ထည့်ပြီး ကားမောင်းတာက သွေးလှည့်ပတ်မှုကို လျော့ကျစေရုံသာမက ခါး အောက်ပိုင်းကြွက်သားတွေကိုလည်း ဖိအားသက်ရောက်မှုဖြစ်စေပါတယ်။ ဒါ့အပြင် အောက်ပိုင်း အင်္ဂါတွေနဲ့ ဆက်နေတဲ့ ကျောရိုးအာရုံကြောတွေက အခြေခံတဲ့ အာရုံကြောကြီး (Sciatic Nerve)ကို မသက်မသာဖြစ်စေပါတယ်။

အချိန်ကြာလာတဲ့အခါမှာ တင်းခံနာ့ဗ်ကြောကိုက်ခဲမှုဖြစ်လာပြီး ခြေ ထောက်အောက်ပိုင်း၊ ခြေကျင်းဝတ်နဲ့ ခြေထောက်တွေမှာထုံတာနဲ့ နာကျင်တာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကားမောင်းတဲ့အချိန်မှာ ဘောင်းဘီအနောက်ဖက်အိတ်ကပ်ထဲက ပစ္စည်းတွေကို ဖယ်ရှားထားဖို့လိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top