Healthy Life Ad
Q & A

ခါးနာတာ ၂ နှစ်ကျော်ကြာပြီ . . .

မေး။ ။ ကျွန်မအသက် ၂၉နှစ်ပါ။ ခါးနာတာ ၂နှစ်ကျော်ပါပြီ။ အသက်ကြီးတဲ့သူကို ဝှီးချဲကနေ မလိုက်တာ ခါး နာတာအဲဒီအချိန်ကစဖြစ်ပါတယ်။ ဖြစ်ဖြစ်ချင်းနာတာ သက်သာအောင် ဆေးတော့သောက်တယ်။ ခါးကို ဆေးပူတဲ့ ပလာစတာတွေနဲ့ကပ်ပါတယ်။ ဒီ၅လ လောက်ကျတော့ ရုတ်တရက်ပြန်နာလို့ဓာတ်မှန်ရိုက် တာမပေါ်ဘူးဆရာ။ သောက်ဆေးနဲ့ ထိုးဆေးနဲ့ပဲ ဒီအတိုင်းနေလိုက်တာ။ အခု oversea မှာအလုပ်ပြန် လုပ်တော့ ပြန်နာလာတယ်ဆရာ။ မနေ့က X – rays ကို စင်ကာပူမှာပြန်ရိုက်တော့ တင်ပါးဆုံနားက အရိုး တွေအက်နေပြီဆရာ။ ဆရာဝန်တွေကခွဲရမယ်ပြော တယ်ဆရာ။ ဘယ်လို ဆက်လုပ်သင့်ပါသလဲဆရာ။ မခွဲဘဲနဲ့ အရိုးတွေအက်တာကို လေ့ကျင့်ခန်းလုပ်ပေး ရုံနဲ့ ပြန်သက်သာနိုင်ပါသလားဆရာ။ လေ့ကျင့်ခန်း လုပ်ပြီးခွဲစရာမလိုဘဲ ပြန်ကောင်းလာနိုင်ပါသလား ဆရာ။ လူနာက အမျိုးသမီးဆိုရင် ကိုယ်ဝန်ဆောင် ကလေးယူလို့ ရနိုင်ပါသလားဆရာ။
ဒီမို (FB)

ဒေါက်တာမြတ်ထွဋ်ညွန့် ဖြေကြားသည်။

ဖြေ။ ။ ခါးနာရတဲ့ အကြောင်းကို သေချာအောင် စစ် ဆေးရပါတယ်။ ဓာတ်မှန်အပြင် လက်ရှိနာနေတဲ့ အ နေအထား၊ အရိုး ထိခိုက်မှုပေါ်မူတည်ပြီး ကုသရပါတယ်။ အနေအထိုင် အထူးသဖြင့် အလေးအပင် မ တာမျိုးမှာ သတိထားဖို့ လိုပါတယ်။ တချို့အနေအ ထားမှာခွဲကုလိုက်ရင် ကောင်းနိုင်ပေမယ့် အများစု မှာတော့ သက်သာရုံပဲ ရတတ်ပါတယ်။ ကလေးယူလို့ ရနိုင်ပါတယ်။ အသက်အရွယ်ကြီးမယ်၊ အဝလွန်မယ်၊ တခြားရောဂါအခံလည်းရှိမယ်ဆိုရင်တော့ ကလေးမယူခင်ကတည်းက သားဖွားမီးယပ် အထူး ကုနဲ့တိုင်ပင်ပြသစေလိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top