Healthy Life Ad
International

အဝလွန်ခြင်းက ဦးနှောက်ကို ပိုမိုအရွယ်ရင့်စေ

၊ မိုးမင်းထွန်း ၊

အဝလွန်သူတွေရဲ့ဦးနှောက်တွေက အဆီနည်းသူတွေနဲ့နှိုင်းယှဉ်ရင် ၁၀ နှစ် ပိုမိုအိုမင်းတယ်လို့ လေ့လာမှုအသစ်တစ်ခုက တွေ့ရှိခဲ့ပါတယ်။ လူတွေ အသက်ကြီးလာလေ ဦးနှောက်ကျုံ့လာလေဖြစ်ကာ အချက်အလက်တွေ လွှင့်ထုတ်ပေးတဲ့ ဦးနှောက်ရဲ့အပိုင်းဖြစ်တဲ့ အဖြူရောင်အလွှာဟာ သဘာဝအတိုင်း ဆုံးရှုံးလာပါတယ်။

အသက်၅၀အရွယ် အဝလွန်သူတစ်ယောက်မှာ အသက်၆၀အရွယ်ပိန်ပါးသူရဲ့ ဦးနှောက်လို ဆုံးရှုံးမှုများပြားနေတာကို ကိန်းဘရစ်ချ်တက္ကသိုလ် သုတေသနအဖွဲ့က တွေ့ရှိခဲ့ပါတယ်။ သုတေသီတွေက ပိန်ပါးသူနဲ့ အဝလွန်သူဆိုပြီး အုပ်စုနှစ်စုခွဲခြားလိုက်ကာ လူ ၄၇၃ယောက်ရဲ့ ဦးနှောက်တွေကို စူးစမ်းခဲ့ကြတာပါ။ လူလတ်ပိုင်း အရွယ်ကစတင်ပြီး ခြားနားမှုဟာ ပိုမိုထင်ရှားလာတယ်လို့သိရပါတယ်။

ဒါပေမဲ့ အသိပညာဗဟုသုတနဲ့ နားလည်နိုင်စွမ်းနဲ့ဆိုင်တဲ့ စမ်းသပ်မှုတွေမှာ ခြားနားချက်ကိုတော့ မတွေ့ခဲ့ပါဘူး။ ဘယ်အုပ်စုက သူငယ်ပြန် မှတ်ဉာဏ်ချို့ယွင်းမှုလို ရောဂါပိုမိုဖြစ်ပေါ်သလဲဆိုတာသိရှိဖို့ လေ့လာစရာ လိုအပ်သေးတယ်လို့ သုတေသီတွေက ပြောပါတယ်။ အဝလွန်တာက ရှုပ်ထွေးပြီး ခန္ဓာကိုယ်ကို ဆိုးကျိုးဖြစ်စေတဲ့အချက်တွေကိုသာ သိရှိထားကြပါတယ်။ ဦးနှောက်ကို ဘယ်လိုဆိုးကျိုး ဖြစ်စေသလဲဆိုတာနားလည်ဖို့ ဒီလေ့လာမှုက အစသာရှိသေးပြီး နောက်ထပ် လေ့လာစရာများစွာရှိသေးတယ်လို့ ဦးဆောင်သုတေသီဒေါက်တာလီဆာရိုနန်က ရှင်းပြပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top