Healthy Life Ad
Life Style

အိမ်ထောင်ရှင်အမျိုးသမီးတို့အတွက် လိင်စိတ် လျော့နည်းစေသည့် အကြောင်းများ

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

အိမ်ထောင်သည်တွေရဲ့ အိမ်ထောင်မှုသုခကို အဟန့်အတားဖြစ်စေတဲ့ အရာတွေထဲမှာ အောက်ပါ အချက်တွေလည်း ပါဝင်နေပါတယ်။

– စိတ်ကျကုသဆေး
စိတ်ကျရောဂါ ကုသရာမှာသုံးတဲ့ ဆေးဝါးတွေ က စိတ်ခံစားမှုကို ကောင်းမွန်စေပေမယ့် လိင်ဆန္ဒကိုတော့ ထိခိုက်စေနိုင်ပါတယ်။ အကြောင်းကတော့ စိတ်ကျကုသဆေးတွေဟာ တက်စတိုစတီရုန်းဟော် မုန်းအဆင့်ကို လျော့ကျစေပြီး သွေးစီးဆင်းမှုကို အဟန့်အတားဖြစ်စေလို့ပဲ ဖြစ်ပါတယ်။ လတ်တလော လေ့လာမှုတစ်ခုအရ စိတ်ကျကုသဆေးကို မှီဝဲနေရတဲ့ အမျိုးသမီးတွေအနေနဲ့ လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးမယ်ဆိုရင်တော့ အိမ်ထောင်ရေးသုခ ရရှိစေတယ်လို့ သိရပါတယ်။

– ဓာတ်မတည့်မှု ပျောက်ဆေး
ဓာတ်မတည့်မှု သက်သာစေတဲ့ ဟစ္စတမင်း တားဆေးဝါးတွေဟာ နှာခေါင်းလမ်းကြောင်းကို ခြောက်သွေ့စေသလို မိန်းမကိုယ်လမ်းကြောင်းကို လည်း ခြောက်သွေ့စေနိုင်တာကြောင့်အိမ်ထောင်မှု သုခလျော့နည်းရတတ်ပါတယ်။ ဓာတ်မတည့်မှုပျောက် ဆေးအများစုမှာပါတဲ့ သွေးကြောကျဉ်းစေတဲ့ဓာတ် တွေက ခန္ဓာကိုယ်အောက်ပိုင်းဆီကို သွေးစီးဆင်းမှု လျော့ကျစေပါတယ်။

– ကိုလက်စထရော မြင့်တက်ခြင်း
လေ့လာမှုတစ်ရပ်အရ သွေးတွင်း ကိုလက်စထ ရောအဆင့်များလွန်းတဲ့ အမျိုးသမီးတွေဟာ ကိုလက် စထရောပုံမှန်ပဲ ရှိသူတွေထက် အိမ်ထောင်မှု သုခ ရရှိနိုင်ခြေလျော့နည်းတယ်လို့ သိရပါတယ်။ ကိုလက်စထရောဟာ သွေးလွှတ်ကြောနံရံတွေမှာ စုပုံကာ တင်ပဆုံကွင်းဆီကို သွေးစီးဆင်းရောက်ရှိမှု လျော့နည်းလို့ ဖြစ်ရတာပါ။

– အရက်
အရက်ကို အလွန်အမင်းသောက်တာကြောင့် အသည်းထိခိုက်ကာ အီစထရိုဂျင်အဆင့် မြင့်တက်ပြီး တက်စတိုစတီရုန်းအဆင့် လျော့ကျတာကြောင့် အိမ်ထောင်ရေးအခြေအနေ ထိခိုက်ရတတ်ပါတယ်။

– သိုင်းရွိုက်ပြဿနာများ
ကိုယ်အလေးချိန် မြင့်တက်တာ ဒါမှမဟုတ် စိတ်ဆိုးမာန်ဆိုးဖြစ်လွယ်တာတို့ ဖြစ်နေပါသလား။ သိုင်းရွိုက်ဟော်မုန်း ချို့တဲ့တာကြောင့် ဖြစ်နိုင်ပါတယ်။ သိုင်းရွိုက်ဂလင်းကနေ သိုင်းရွိုက်ဟော်မုန်းကိုအလုံ အလောက် မထုတ်နိုင်တာကြောင့် ခန္ဓာကိုယ်ရဲ့စွမ်းအင်စနစ်က ပုံမှန်အလုပ်မလုပ်နိုင်တော့ပါဘူး။ အဲဒီ အခါ လိင်စိတ်လျော့နည်းတာအပြင် မျိုးအောင်နိုင် စွမ်းကျဆင်းတာကိုပါ ဖြစ်စေနိုင်ပါတယ်။

– အိပ်ရေးပျက်ခြင်း
ပင်ပန်းကာ ညတိုင်း အိပ်ရေးပျက်တာကြောင့် လည်း ဟော်မုန်းကမောက်ကမဖြစ်ပြီး လိင်စိတ် လျော့နည်းရတတ်ပါတယ်။

– သွေးအားနည်းခြင်း
သွေးအားနည်းတာကြောင့် အရေပြား ဖြူ ဖျော့နေရုံသာမက လိင်စိတ်ဆန္ဒကိုလည်း လျော့ကျစေပါတယ်။ သွေးအားနည်းတဲ့အခါ သွေးတွေ က သွေးနီဥဆီအလုံအလောက် မရောက်ရှိတော့တဲ့ အတွက် ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းတွေဆီ အောက်ဆီဂျင် ရောက်ရှိနှုန်း လျော့ကျသွားပါတော့တယ်။

(Ref; Msn)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top