Healthy Life Ad
Health Tips

ကိုယ်အလေးချိန် လျော့ကျစေမည့်ရိုးစင်းသော အမူအကျင့်များ

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

ကိုယ်အလေးချိန် လျှော့ချဖို့အတွက် စိတ်ဖိစီးမှုတွေသိပ်များမနေပါနဲ့။ ရိုးစင်းလွယ်ကူတဲ့ နည်းလမ်းတွေကို ပုံမှန်လိုက်နာပေးရုံနဲ့ သင်မျှော်မှန်းထားတဲ့ ခန္ဓာကိုယ်အနေအထားကို ပိုင်ဆိုင်စေပါလိမ့်မယ်။

(၁) လေ့ကျင့်ခန်းလုပ်ရမှာ ပျင်းသူတွေအတွက်မိနစ်၃၀ဆိုရင် လုံလောက်ပါတယ်
ပိန်ချင်ပေမယ့် လေ့ကျင့်ခန်းကိုကြာကြာမလုပ်ချင်ဘူးဆိုသူတွေအတွက် သတင်းကောင်းရှိပါတယ်။ အဲဒါကတော့ တစ်နေ့မိနစ် ၃၀ ကြာ လေ့ကျင့်ခန်း လုပ်တာက တစ်နာရီအပြည့်လုပ်တာထက် ကိုယ်အလေးချိန်ကို ၂၅ရာခိုင်နှုန်း ပိုမိုလျော့ကျစေတယ်လို့ ဒိန်းမတ်၊ ကိုပင်ဟေဂင်တက္ကသိုလ်ရဲ့ လေ့လာသူတွေက ဆိုပါတယ်။

(၂) အစာကို ဖြည်းဖြည်းချင်း ဝါးစားပေးရပါမယ်
အစာကို ခပ်မြန်မြန်စားတာကြောင့် အစာကို များများစားဖြစ်သွားစေပါတယ်။ အစာကို ဖြည်းဖြည်းချင်း ကြေညက်အောင် ဝါးစားလိုက်ရင် ဗိုက်ပြည့်ကြောင်း သတိထားမိပြီး အများကြီး မစားဖြစ်တော့ပါဘူး။

(၃) ကွန်ပျူတာရှေ့နဲ့ တီဗီရှေ့ အစာမစားသင့်ပါဘူး
အမေရိကန်အာဟာရဂျာနယ်ရဲ့ လေ့လာမှုအရ တီဗီရှေ့နဲ့ ကွန်ပျူတာရှေ့မှာ အစာစားလေ့ရှိသူတွေက အဆင်သင့်အစာတွေကို များများ စားဖြစ်သလို အစာကို အလွန်အကျွံစားဖြစ်စေတယ်လို့ သိရပါတယ်။

(၄) အိမ်မှာ သိပ်မပူပါစေနဲ့
ရာသီဥတု ပူပြင်းတာနဲ့ အဝလွန်တာ အကြား ဆက်စပ်မှုရှိတယ်လို့ အဝလွန်ခြင်းအကြောင်း လေ့လာမှုအရ သိရပါတယ်။ ဒါကြောင့် အိမ်မှာ သိပ်ပြီး မပူပြင်းပါစေနဲ့။

(၅) အစားအသောက်အညွှန်းတွေကို ဖတ်ပြီးမှ စားပါ
အာဟာရဂျာနယ်ရဲ့ လေ့လာမှုအရ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေကို စားပေးရင် ကိုယ်အလေးချိန် လျော့ကျစေတယ်လို့ သိရပါတယ်။ အစားအသောက်ကို အညွှန်းဖတ်ပြီး အစာစားလေ့ရှိသူ၊ အထူးသဖြင့် အသက် ၃၇ နှစ်နဲ့ ၅၀ နှစ်ကြား အမျိုးသမီးတွေဟာ ကိုယ်အလေးချိန် ထိန်းနိုင်ခြေ ပိုများတယ်လို့ လေ့လာသူတွေကဆိုပါတယ်။

(၆) ဒိန်ချဉ်နဲ့ အခွံမာအစေ့အဆန် များများစားပါ
ဟားဗတ်ဆေးကျောင်းလေ့လာမှုအရ ဒိန်ချဉ်နဲ့ အခွံမာအစေ့အဆန်တွေများများ စားပေးရင် တခြားအစာတွေ စားတာထက် ကိုယ်အလေးချိန်လျော့ကျစေတယ်လို့ သိရပါတယ်။

(၇) ပူစပ်တဲ့ ငရုတ်သီးနဲ့ ငရုတ်ကောင်းစားပါ
ပူစပ်တဲ့ ငရုတ်သီးနဲ့ ငရုတ်ကောင်းပါတဲ့ အစားအသောက်တွေကို စားပေးရင် ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မ ဖြစ်စဉ်ကို အားပေးပြီး ကယ်လိုရီတွေကို ခပ်မြန်မြန် လောင်ကျွမ်းစေပါတယ်။

(၈) ရေသောက်ပါ
ရေသောက်ရင် အစာစားချင်စိတ်ကို ထိန်းချုပ်ပေးနိုင်ပြီး ခန္ဓာကိုယ်ရဲ့ဇီဝကမ္မဖြစ်စဉ်ကို အားကောင်းစေပါတယ်၊ ဒါကြောင့် ကိုယ်အလေးချိန်ကို လျော့ကျစေပါတယ်။ အစာမစားခင် ရေနှစ်ဖန်ခွက်သောက်ပေးရင် အဝမလွန်အောင် ထိန်းချုပ်ပေးနိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top