Healthy Life Ad
Life Style

သင့်ဒေါသနှင့် ရန်လိုစိတ်ကို ထိန်းချုပ်နိုင်ဖို့ …

၊ ငွေကြယ်စင်ယံ ၊

ဒေါသနဲ့ ရန်လိုတဲ့စိတ်တွေကို ထိန်းချုပ်နိုင်စွမ်းရှိတာက လူတစ်ယောက်ရဲ့ လူကြီးလူကောင်းဆန်တဲ့ အရည်အချင်းတစ်ရပ်ပဲဖြစ်ပါတယ်။ လူတစ်ယောက်ဟာ ကိုယ့်ကိုစိတ်ဆိုးဒေါသထွက်စေတဲ့ အရာတွေကို သိနားလည်ပြီး သင့်အနေနဲ့ အဲဒီ အရာကို ခွင့်လွှတ်နိုင်သလား၊ ရန်လိုစိတ်နဲ့ တုံ့ပြန်တတ်သလားဆိုတဲ့ အချက်ပေါ်မူတည်ပြီး ကျန်းမာရေးအခြေအနေနဲ့ ဘဝတက်လမ်းက ပြောင်းလဲသွားတတ်ပါတယ်။

တစ်ခါတစ်ရံမှာ စိတ်တိုလာရင် အဲဒီဒေါသစိတ်ကို လူတွေကမျိုသိပ်ပစ်တတ်ပါတယ်။ ဒေါသကို မျိုသိပ်မထားပါနဲ့။ ဒေါသကို မျိုသိပ်လိုက်တာကလည်းကောင်းတဲ့ ဖြေရှင်းနည်းမဟုတ်ပါဘူး။ သင့် ကျန်းမာရေးကို ထိခိုက်စေနိုင်သလို မျိုသိပ်ပါများရင် ပေါက်ကွဲလွယ်လို့ပါ။ ဒေါသဖြစ်လာရင် ကောင်းတဲ့ အမြင်နဲ့ လမ်းလွှဲကြည့်ပြီး ထိန်းချုပ်နိုင်အောင် ကြိုးစားပါ။ မဟုတ်ရင် ဒေါသကြောင့် ဆိုးကျိုးတွေကို ဖြစ်စေနိုင်လို့ပါ။

ဒေါသနှင့် ရန်လိုစိတ်ကို ဘယ်လို လျှော့ချမလဲ

စိတ်ကို အေးအေးချမ်းချမ်းထားတတ်အောင် အမြဲစိတ်လျှော့ထားပါ။

ဒေါသဖြစ်စေတဲ့ အခြေအနေကြုံလာရင် အသက်ပြင်းပြင်းရှူသွင်း၊ ရှူထုတ်တာကို ၁၀ ကြိမ်လောက်ပြုလုပ်ပါ။ ဒါမှမဟုတ်လမ်းလျှောက်လိုက်ပါ။

စိတ်တိုနေဆဲဆိုရင် သင့်ကိုစိတ်အေးချမ်းမှုဖြစ်စေမယ့် အခြေအနေကို နားလည်ပါ။

မပျော်ရွှင်တာ၊ စိတ်ပျက်လက်ပျက်ဖြစ်တာစတဲ့ စိတ်ခံစားမှုပိုင်းဆိုင်ရာ အခြေအနေတွေကို သိနားလည်ပြီး ဘယ်လိုပြောင်းလဲနိုင်မလဲ တွေးပါ။ (မကောင်းမှုနဲ့ ပြောင်းလဲဖို့ မစဉ်းစားသင့်ပါ။ ပိုပြီး စိတ်ဓာတ်ကျလာနိုင်ပါတယ်။)

ဒေါသထွက်စေတဲ့ အခြေအနေပတ်ဝန်းကျင်နဲ့ ဝေးဝေးကို ရှောင်ထွက်ခဲ့ပြီး ဒေါသတွေကို ချန် ရစ်ခဲ့ပြီလို့ တွေးလိုက်ပါ။

တစ်စုံတစ်ယောက်ကိုစိတ်တိုနေရင် မအော်ပါနဲ့။ အော်တာက အခြေအနေကို ပိုမိုဆိုးရွားစေပါတယ်။ အထူးသဖြင့် အိမ်ထောင်ဖက်ကို ဒေါသထွက်နေရင် ခဏ မျက်နှာချင်းမဆိုင်ဘဲ နေပါ။ ဒေါသကြောင့် ပြောတဲ့စကား၊ ပြုလုပ်တဲ့ အပြုအမူတွေဟာ အဆိုးဘက်ကို ဦးတည်နေလို့ဖြစ်ပါတယ်။ နှစ်ဦးစလုံးစိတ်ခံစားမှုပြန် ကောင်းလာမှသာ နားလည်မှုရရှိအောင် ပြန်လည်တည်ဆောက်သင့်ပါတယ်။

သင်က မကြာခဏ ဒေါသထွက်နေပြီး ဒေါသကြောင့် စိတ်နှလုံးထိခိုက်တာ၊ ရင်ဘတ်အောင့်တာ၊ သွေးတိုးတာတွေဖြစ်နေရင် ဆရာဝန်နဲ့ တွေ့ဆုံဆွေးနွေးကာ ဆေးစစ်ဆေးမှုခံယူပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top