Healthy Life Ad
Health Tips

ကိုယ်အလေးချိန် လျော့ကျစေမည့် အလွယ်နည်းများ

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

ကိုယ်အလေးချိန် လျှော့ချရေးနည်းတွေကို အများကြီး ကြားဖူးနိုင်ပေမယ့် ခက်ခဲလို့ မလုပ်နိုင် ဖြစ်နေသလား။ အောက်ပါ နည်းတွေက နေ့စဉ် သင်အလွယ်တကူ လုပ်ဆောင်နိုင်မယ့် နည်းတွေ ဖြစ်ပြီး ကိုယ်အလေးချိန်ကို တကယ်လျော့ကျစေပါတယ်။

– ရေနွေးသောက်ပါ
ရေအေးသောက်တာထက် ရေနွေးသောက်တာက ကိုယ်အလေးချိန် လျော့ကျဖို့ ပိုအထောက် အကူပြုပါတယ်။ ရေနွေးသောက်တာကြောင့် ဗိုက်ကိုမြန်မြန်ပြည့်စေတဲ့အတွက် အစာကို အများကြီးမစားဖြစ်တော့လို့ဖြစ်ပါတယ်။ ရေနွေးသက်သက်မသောက်ချင်ရင် လက်ဖက်ခြောက်ခတ်ပြီး သောက်ပေးနိုင်ပါတယ်။

– တီဗီ လျှော့ကြည်ပါ
တီဗီကြည့်တာ၊ ကွန်ပျူတာသုံးတာနဲ့ စာဖတ်တာတို့ လုပ်နေစဉ်အစာစားရင် အစာကိုပိုစားဖြစ်ပြီး ကယ်လိုရီပိုများများရရှိသွားတတ်ပါတယ်။ တီဗီကို ထိုင်ကြည့်တာကြောင့် လှုပ်ရှားမှုနည်းပြီး ကယ်လိုရီလောင်ကျွမ်းမှု နည်းစေပါတယ်။ ဒါကြောင့် တီဗီလျှော့ကြည့်ပေးရင် ကယ်လိုရီလောင် ကျွမ်းမှုများစေတဲ့အတွက် ကိုယ်အလေးချိန်ကို ထိန်းပေးနိုင်ပါတယ်။ နောက်တစ်ချက်က တီဗီကြည့်တာနဲ့စာရင် အိပ်တဲ့အချိန်မှာ ကယ်လိုရီ လောင်ကျွမ်းမှုပိုများပါတယ်။ ဒါကြောင့် တီဗီကြာ ကြာကြည့်မယ့်အစား အိပ်ရာဝင်လိုက်ပါ။

– ညအိပ်ဝတ်စုံ ဝတ်ပြီး အစာမစားသင့်
လေ့လာမှုတွေအရ လျော့ရဲတဲ့ အဝတ်အစားတွေကို ဝတ်ထားချိန်မှာ အစာကို ပိုစားဖြစ်တယ်လို့ သိရပါတယ်။ တင်းကျပ်တဲ့ အဝတ်အစားဝတ်ထားချိန်မှာ အစာစားလိုက်ရင် သက်သောင့်သက်သာ မရှိတာကြောင့် အစာကို နည်းနည်းပဲ စားဖြစ်ပါတယ်။ အဲဒီအချက်အပြင် ညဘက်အစာများများ မစားဖြစ်စေဖို့ ညအိပ်ဝတ်စုံဝတ်ပြီးချိန်မှာ အစာ ကိုမစားမိအောင် ဆင်ခြင်ပါ။

– ဘက်တီးရီးယားများများ စားပါ
ဘက်တီးရီးယားဆိုလို့လန့်မသွားပါနဲ့။ အကျိုးပြုဘက်တီးရီးယားကိုဆိုလိုတာပါ။ ဒိန်ချဉ်လိုအကျိုး ပြုဘက်တီးရီးယားပါတဲ့ အစာကို စားတာကြောင့် ကိုယ်အလေးချိန်ကို လျှော့ချပေးနိုင်ပါတယ်။

– ဟင်းခတ်အမွှေးအကြိုင်အချို့ထည့် စားပါ
လတ်တလော လေ့လာမှုတွေအရ ငရုတ်ကောင်းလို ဟင်းခတ်အမွှေးအကြိုင်တွေကို အစာထဲ ထည့်စားတာကြောင့် ခန္ဓာကိုယ်ရဲ့ ဇီဝရုပ်ဖြစ်ပျက်မှုကို မြင့်တက်စေတယ်လို့ သိရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top