Healthy Life Ad
Local

တကောင်းမြို့၌ မိန်းကလေးသုံးမြွာပူး အောင်မြင်စွာမွေးဖွား

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

ပြင်ဦးလွင်ခရိုင်၊ တကောင်းမြို့ ပြည်သူ့ဆေးရုံ၌ ၄-၃-၂၀၁၈ ရက်နေ့ ည ၈ နာရီခန့်တွင် ကိုယ်ဝန်ဆောင်မိခင် မအေးခိုင်၏ သုံးမြွှာပူးကလေးငယ်များကို ဆေးရုံအုပ်ကြီး ဒေါက်တာစိုးနိုင်ဝင်းနှင့် ဝန်ထမ်းများက အောင်မြင်စွာမွေးဖွားပေးနိုင်ခဲ့ကြောင်းသိရသည်။

အဆိုပါသုံးမြွှာပူးကလေးများမှာ သမီးမိန်းကလေးများဖြစ်ကြပြီး ပထမကလေးမှာ ၃ပေါင် ၃ အောင်စ၊ ဒုတိယ ကလေးမှာ ၄ ပေါင်နှင့် တတိယကလေးမှာ ၃ ပေါင် ၅ အောင်စ အလေးချိန်ရှိကာ မိခင်နှင့်ကလေးများအားလုံး ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်းသိရသည်။

အမြွှာပူးကလေးများ၏ ဖခင်ကိုခင်မောင်ဝင်းနှင့် မိခင်မအေးခိုင်တို့မှာ စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာတွင် နေထိုင်ကြပြီး နေ့စားအလုပ်သမားများဖြစ်သောကြောင့် ကလေးများ ကျန်းမာစွာ ရှင်သန်ကြီးပြင်းသည်အထိ ရေရှည်စောင့်ရှောက်နိုင်ရန် အကူအညီများစွာ လိုအပ်နေကြောင်း၊ အမြွှာပူးကလေးများ၏ တစ်ရက်နို့မှုန့်ဖိုးက ကျပ်ခြောက်ထောင်ခန့်ရှိနေပြီး ဖခင်၏ တစ်နေ့တာဝင်ငွေဖြင့် ရေရှည်ရပ်တည်ရန် အခက်အခဲများရှိနေသဖြင့် မြို့မိမြို့ဖများက ထောက်ပံ့လှူဒါန်းမှုများရှိကြောင်းသိရသည်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top