Healthy Life Ad
International

ကပ်ပါးအမြွှာမှ ခြေနှစ်ချောင်း၊ လက်တစ်ချောင်းနှင့် ယောကျာ်းအင်္ဂါတစ်ခု အပိုပါလာသည့် ကလေးငယ် မွေးဖွား

အိန္ဒိယနိုင်ငံမြောက်ပိုင်း၊ ရွာငယ်လေးတစ်ရွာမှ အသက် ၂၂အရွယ် ကူလီဘိုင်ဟာ ကပ်ပါးအမြွှာ မှ ခြေနှစ်ချောင်း၊ လက်တစ်ချောင်းနဲ့ ယောကျာ်း အင်္ဂါတစ်ခု အပိုပါလာတဲ့ ကလေးငယ်တစ်ယောက် မွေးဖွားခဲ့ပါတယ်။ ရှေးရိုးဆန်အယူသည်းတဲ့ ဆွေမျိုးတွေက အလွန်ထိတ်လန့်သွားတာကြောင့်က လေးငယ်ကို မြစ်ထဲပစ်ချဖို့ စီစဉ်ခဲ့ကြပါတယ်။


ဒီသတင်းဟာ ပျံ့နှံ့သွားပြီး ကလေးအသက်ကယ် တင်နိုင်ဖို့ဆေးရုံပိုင်ရှင်ဘာရတ်ပယ်ဒန်ဒါက ကလေးနဲ့မိခင်ကိုဆေးရုံသို့ ခေါ်ဆောင်ကုသပေးခဲ့ပါတယ်။ဆရာဝန်တွေက ကလေးငယ်မှာ တွဲဆက်ပါလာတဲ့ ကောင်းစွာမဖွံ့ဖြိုးတဲ့ ကပ်ပါးအမြွှာရဲ့ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကိုဖယ်ရှားခွဲစိတ်ပေးခဲ့ကြပါတယ်။


ခွဲစိတ်ပြီးနောက် ကလေးငယ်ဟာ အခြေအ နေသက်သာနေပြီး အနည်းဆုံးတစ်ပတ်ကြာဆေးရုံမှာ စောင့်ကြည့်ဦးမှာဖြစ်ကြောင်းသိရပါတယ်။ မိခင်ရဲ့ဝမ်းဗိုက်ထဲမှာ သေဆုံးသွားတဲ့မဖွံ့ဖြိုးတဲ့အမြွှာ ရဲ့တစ်ရှူးနဲ့ တွယ်ဆက်တဲ့အခြေအနေမှာ ကပ်ပါးအမြွှာမွေးဖွားတတ်ကြပါတယ်။ ကလေးတစ်သန်း မွေးတိုင်း တစ်ကြိမ်ခန့်သာဖြစ်ပွားတတ်ကြောင်း သိရှိရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top