Healthy Life Ad
International

ဆရာဝန်များက ၂၄ နာရီသာ ရှင်မည်ဟုဆိုခဲ့သော တင်ချင်းဆက်အမြွှာ နှစ်နှစ်ပြည့် မွေးနေ့ကျင်းပရန်ပြင်ဆင်

၊ ကိုထက် ၊

ဆရာဝန်တွေက ၂၄ နာရီပဲ အသက်ရှင်နိုင်မယ်လို့ပြောခဲ့တဲ့ တင်ချင်းဆက်အမြွှာညီအစ်မ ကာလီနဲ့ ကာတာတို့က နှစ်နှစ်ပြည့်မွေးနေ့ပွဲကျင်းပဖို့ ပြင်ဆင်နေပြီဖြစ်ပါတယ်။ ၂၀၁၇ ဇန်နဝါရီလမှာ မွေးဖွားခဲ့တဲ့ ကာလီနဲ့ ကာတာ ညီအစ်မက တင်ချင်းဆက်နေပြီး ခြေထောက်နှစ်ချောင်းပဲ ပါရှိပါတယ်။ သူတို့ရဲ့ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေကတော့ သီးခြားစီပါရှိပါတယ်။

အခုအခါမှာ ကာလီနဲ့ ကာတာက လမ်းလျှောက်ဖို့သင်ယူနေပါတယ်။ အမြွှာသမီးလေးနှစ်ဦးကို ခွဲခြားဖို့ ရွေးချယ်ခွင့်ရှိပေမယ့် သူတို့မိဘတွေက အတူတူရှိနေတာက ပိုသန်စွမ်းစေလိမ့်မယ်လို့ ဆိုပါတယ်။

“သမီးလေးတွေရဲ့ ကျန်းမာရေးက အခုဆို တော်တော်လေးကောင်းမွန်နေပါပြီ။ ဆေးကုဖို့တောင် မလိုတော့ပါဘူး။ ပုံမှန်ကလေးတွေလို နည်းနည်းအအေးမိတာလောက်ပဲရှိပါတယ်”လို့ ဖခင်ဖြစ်သူ မစ္စတာတောက ဆိုပါတယ်။

အခုအခါမှာ သမီးလေးနှစ်ဦးကို လမ်းလျှောက်သင်ပေးနေပေမယ့် ဒါက တင်ချင်းဆက်အမြွှာလေးတွေအတွက် စိန်ခေါ်မှုတစ်ခုပါ။ “သူတို့ လေးနှစ်အရွယ်အထိ လမ်းလျှောက်နိုင်မယ်လို့ ဆရာဝန်တွေက မျှော်လင့်မထားပါဘူး” လို့ မစ္စတာတောက ပြောပါတယ်။ အခုအခါမှာတော့ သမီးလေးတွေအတွက် အဝတ်အစားရွေးချယ်ရတာက စိန်ခေါ်မှုဖြစ်နေတယ်လို့ မိဘတွေက ဆိုပါတယ်။

“ပုံမှန်အင်္ကျီဆင်တူနှစ်ထည် ဝယ်လာပြီးရင် ကျောပြင်ကနေဖြတ်ပြီး အလယ်မှာစုပြီး ပြန်ချုပ်ပေးရပါတယ်။ ဒါကို YouTube ကနေကြည့်ပြီး လေ့လာထားတာပါ”လို့ မိခင်ဖြစ်သူက ဆိုပါတယ်။ ကာလီနဲ့ ကာတာမှာ ငါးနှစ်အရွယ် အစ်ကိုတစ်ဦးရှိပြီး ညီမလေးတွေငိုရင် အစ်ကိုဖြစ်သူက သူတို့နဲ့အတူ ကစားပေးတယ်လို့ ဆိုပါတယ်။

“ဒီအချိန်မှာတော့ အမြွှာသမီးလေးတွေကို ခွဲခြားဖို့ သက်သောင့်သက်သာမရှိသေးပါဘူး။ ခွဲခြားလိုက်ပြီးမှ သူတို့ကျန်းမာရေးမကောင်းဖြစ်မှာကို စိတ်ပူပါတယ်။ သူတို့အသက်ကြီးလာလို့ ခွဲခြားချင်တယ်လို့ပြောရင် ဒါမှမဟုတ် ရုတ်တရက် ကျန်းမာရေးပြဿနာရှိလာရင်တော့ ဒီနည်းကို စဉ်းစားပါမယ်။ အခုတော့ ခွဲခြားလိုက်ရင် ဖြစ်လာမယ့်ဆိုးကျိုးကို ကျွန်တော်တို့ မရွေးချယ်နိုင်သေးပါဘူး”လို့ သမီးလေးတွေရဲ့ ဖခင်ဖြစ်သူက ပြောပြထားပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top