Healthy Life Ad
Life Style

ဆံပင်ပုံဖော်ရာတွင် သုံးရမည့်အတိုင်းအဆများ

၊ လရိပ်မေ ၊

ဆံပင်အလှကုန်တွေသုံးတဲ့အခါ ဘယ်လောက်အတိုင်းအဆသုံးရမလဲဆိုတာသိဖို့ အရေးကြီးပါတယ်။


– ရှမ်ပူ- လက်ဖက်ရည်ဇွန်း နှစ်ဇွန်းစာပမာဏ

ရှမ်ပူလက်ဖက်ရည်ဇွန်း နှစ်ဇွန်းလောက်သုံးရင် ဆံပင်သားရှိ အညစ်အကြေး၊ ဆီနဲ့ဖုန်မှုန့်တွေကို ကင်းစင်စေမှာဖြစ်ပါတယ်။


– ကွန်ဒီရှင်နာ-အကြွေစေ့တစ်စေ့ပမာဏ

ကွန်ဒီရှင်နာသုံးရင် ဆံပင်အရင်းနေရာကိုရှောင်ပြီး ဆံပင်အဖျားကိုများများလိမ်းပါ။ အကြွေစေ့တစ်စေ့ ပမာဏလောက်သုံးပေးရင် ဆံပင်ကိုချောမွေ့စေပါတယ်။


– ဂျဲလ်- အကြွေစေ့တစ်စေ့ပမာဏ

ဂျဲလ်(Gel) အကြွေစေ့တစ်စေ့ပမာဏကို လက်ထဲထည့်ပြီး အနည်းငယ်ပွတ်ပြီးမှ ဆံပင်ကိုလိမ်းပေးပါ။ ဆံပင်သားမှာ စေးကပ်မှုကင်းစေမှာဖြစ်ပါတယ်။


– Mousse- ဂေါက်သီးအရွယ်ပမာဏ

ဆံပင်ကောက်သားပေါ်လွင်အောင် Mousse လိမ်းမယ်ဆိုရင် ဂေါက်သီးအရွယ်ပမာဏလောက် လက်ထဲထည့်ကာ ပွတ်သပ်ပြီးလိမ်းပေးပါ။


– ပုံသွင်းWax- ကျောက်ဂေါ်လီလုံးပမာဏ

ဆံပင်ပုံသွင်းတဲ့ဖယောင်းပါ Styling Wax ကို ကျောက်ဂေါ်လီလုံးပမာဏခန့် လက်ထဲထည့်ပြီး ဆံပင်ပုံသွင်းပေးပါ။ ဒါဆိုရင် ဆံပင်သား စေးကပ်လုံးထွေးမှုကင်းစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top