Healthy Life Ad
Health Tips

အသည်းထိခိုက်နေနိုင်ကြောင်း ပြသသည့်လက္ခဏာ ၁၂ ရပ်

၊ ကိုမိုး ၊

– အန်ခြင်း၊ ပျို့ချင်အန်ချင်ဖြစ်ခြင်း
အန်တာနဲ့ ပျို့ချင်အန်ချင်ဖြစ်တာက အဖြစ်များပါတယ်။ အဲဒီဝေဒနာတွေက ခေါင်းတစ်ခြမ်းကိုက်တာ၊ အဆိပ်သင့်တာ၊ မူးဝေတာ၊ ကိုယ်ဝန်ရှိတာ၊ စိတ်ဓာတ်ကျတာ၊ ကားစီးရင်း မူးဝေတာတွေရဲ့ လက္ခဏာဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ကျောက်ကပ်ဝေဒနာဖြစ်နိုင်သလို အသည်းကနေ အဆိပ်အတောက်တွေကို မစွန့်ထုတ်နိုင်ဖို့ အသည်းထိခိုက်မှုလည်း ဖြစ်နေနိုင်ပါတယ်။

– အစာစားချင်စိတ် ဆန္ဒလျော့နည်းခြင်း
သည်းခြေရည်က အဆီတွေကို ချေဖျက်ပေးပါတယ်။ အစာကိုကောင်းကောင်း မချေဖျက်နိုင်ရင် ကိုယ်အလေးချိန်ကျပြီး အစာကို နည်းနည်းပဲစားဖြစ်ပါလိမ့်မယ်။

– နုံးချည့်ညောင်းညာခြင်းနှင့် အားနည်းခြင်း
တစ်ချိန်လုံး ပင်ပန်းနေပါသလား။ ဒါက အသည်းဟာ ပြင်းပြင်းထန်ထန်အလုပ်လုပ်နေရလို့ ဖြစ်နိုင်ပါတယ်။ အနားယူပေးပါ။ အသည်းကို ဝန်ပိစေတဲ့ အရက်သောက်တာ၊ ဆိုးဆေးပါ အစားအသောက်တွေစားတာတို့ မလုပ်ပါနဲ့။

– အစာကို ကောင်းစွာ မချေဖျက်နိုင်ခြင်း
အသည်းထိခိုက်တဲ့အခါ အဆီတွေကို ကောင်းကောင်းမချေဖျက်နိုင်ဘဲ အစာမကြေတဲ့ ဝေဒနာ၊ လေပွတာနဲ့ ဝမ်းချုပ်တာတို့ ဖြစ်တတ်ပါတယ်။

– ဆီးအရောင်ပြောင်းခြင်း
သွေးထဲမှာ ဘီလီရူဘင်ပါရင် ဆီးအရောင်က လိမ္မော်ရောင်၊ အညိုရောင် သမ်းသွားနိုင်ပါတယ်။ အသည်းက ဘီလီရူဘင်ဓာတ်ကို မဖယ်ရှားနိုင်တာကြောင့် ဆီးအရောင်ပြောင်းရတာပါ။

– ဝမ်းအရောင်ပြောင်းခြင်း
သည်းခြေရည်မရှိတဲ့အခါ ဝမ်းအရောင်လည်း ပြောင်းလဲသွားပါတယ်။ ဝမ်းအရောင်က အညိုရောင်အစား ဖျော့တော့တာ၊ ဝါတာ၊ ရွှံ့ရောင်ဖြစ်တာနဲ့ မှိုင်းတာတို့ ဖြစ်တတ်ပါတယ်။ ဒီအခြေအနေက ဆေးကုသမှုခံယူဖို့ လိုအပ်တဲ့အခြေအနေပါ။

– အသားဝါခြင်း
ဒီအခြေအနေမှာ အရေပြား၊ မျက်လုံး၊ လျှာနဲ့ လက်ချောင်းတွေလည်း ဝါနိုင်ပါတယ်။ ဆီးအိတ်ပြဿနာကြောင့် အသားဝါရင် ဆရာဝန်နဲ့ချက်ချင်းပြပါ။

– ဝမ်းဗိုက်ဝေဒနာ
အစာအိမ်အောက်ပိုင်း နာကျင်ကိုက်ခဲတာက အသည်းထိခိုက်တဲ့ လက္ခဏာဖြစ်နိုင်သလို ရေဖျင်းစွဲတာကလည်း ဝမ်းဗိုက်အောက်ပိုင်း အရည်စုပုံတဲ့လက္ခဏာဖြစ်နိုင်ပါတယ်။

– အရည်စုခြင်း
ခြေကျင်းဝတ်နဲ့ ခြေထောက်မှာ အရည်တွေ စုပုံနိုင်ပါတယ်။ အဲဒါကနှလုံးဝေဒနာ၊ သားငံရည်ကျိတ်ပြဿနာ၊ ကျောက်ကပ်ထိခိုက်မှုနဲ့ ဟော်မုန်းမမျှတမှုတွေကြောင့် ဖြစ်နိုင်ပါတယ်။

– အသားအရေ ထိခိုက်လွယ်ခြင်း
အသည်းထိခိုက်တဲ့အခါ အသားအရေက ပိုပြီးထိလွယ်ခိုက်လွယ်ဖြစ်ရပါတယ်။ သွေးကြောတွေကို ပိုပြီး အလွယ်တကူတွေ့ရပါတယ်။ ပွန်းပဲ့ရာတွေလည်း ဖြစ်လွယ်ပါတယ်။

– ဗိုက်နာခြင်း၊ ဗိုက်တင်းခြင်း
ဗိုက်နာတာ၊ ဗိုက်တင်းတာက အသည်းထိခိုက်မှုဖြစ်စေတဲ့ အသိသာဆုံးလက္ခဏာပါ။

– ဝမ်းချုပ်ခြင်း၊ ဝမ်းလျှောခြင်းနှင့် အူမှ သွေးယိုခြင်း
အူကနေ သွေးယိုတာက ဝမ်းလျှောတာ၊ ဝမ်းချုပ်တာတွေနဲ့လည်း ဆက်စပ်နေတတ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top