Healthy Life Ad
Q & A

ဆံပင်အရောင်ဆိုးမယ်ဆိုရင် . . .

မေး ။ ဆံပင်အရောင်တစ်ခါမှ မဆိုးဖူးပါဘူး။ ဆံပင်အရောင် ဆိုးချင်လို့ပါ။ ဆံပင်အရောင်ဆိုးသူတွေက ဘယ်လို အချက်တွေကို လိုက်နာသင့်ပါသလဲရှင့်။
မလှလှထွန်း၊ တွံတေး။

ပါမောက္ခဒေါက်တာမြတ်စန္ဒာကျော် (အရေပြားအထူးကု ဆရာဝန်ကြီး) မှ ပြန်လည်ဖြေကြားပေးပါသည် ။

ဖြေ ။ ဆံပင်ဆိုးဆေး မဆိုးခင် အရင်ဆုံး စဉ်းစားရပါမယ်။ ဆံပင်ဆိုးဆေးနဲ့ မတည့်ရင် ဘယ်တော့မှ မဆိုးသင့်ပါဘူး။ မတည့်တဲ့ ဆံပင်ဆိုးဆေးဘူးမှာ ပါဝင်တဲ့ ဓာတုပစ္စည်းတွေက တခြားအလှကုန်တွေမှာ ပါရင်လည်း အဲဒီအလှကုန်တွေကို သတိထားပြီး ရှောင်သင့်ပါတယ်။

ဆံပင်ဆိုးဆေးအရောင်ကို ထိန်းပေးနိုင်မယ့် ခေါင်းလျှော်ရည်ကိုသုံးသင့်ပါတယ်။ ဆံပင်ဆိုးပြီးရင် နေ့တိုင်း ခေါင်းမလျှော်သင့်ပါဘူး။ ဆံပင်အရောင်ဆိုးပြီးကာစမှာ ခေါင်းလျှော်ရင် မျက်လုံးထဲမဝင်အောင် သတိထားရပါမယ်။

ဆံပင်အရောင်ဆိုးတဲ့ နေ့မှာ ဆံပင်ကောက်တာ၊ ဖြောင့်တာ၊ ပေါင်းတာ၊ ဖယောင်းသွင်းတာတွေ မလုပ်သင့်ပါဘူး။ ဘာနဲ့မတည့်မှန်းမသိဘဲ ဖြစ်တတ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top