Healthy Life Ad
Health Tips

သွေးတွင်းကိုလက်စထရော များနေသလား

သွေးတွင်းကိုလက်စထရောများတာက နှလုံးသွေးကြောရောဂါကိုဖြစ်စေတဲ့ အဓိကအန္တရာယ် တစ်ရပ်ဖြစ်တာကြောင့် ထိန်းချုပ်ဖို့လိုပါတယ်။

(၁)ပြည့်ဝဆီပါဝင်မှုနည်းတဲ့ အဆီနည်းအစာကိုပဲ ရွေးစားပါ။
အဆီထုတ်မထားတဲ့ အသား၊ ဒိန်ခဲ၊ နို့နဲ့ နို့ထွက်ပစ္စည်းတွေက ပြည့်ဝဆီပါဝင်တဲ့ အဓိက အစားအသောက်တွေ ဖြစ်ပါတယ်။ ဒါကြောင့် အဆီမပါတဲ့ အမျိုးအစားကို အဓိက ရွေးဝယ်ဖို့ လိုပါတယ်။

(၂)အမျှင်ဓာတ်ကိုစားသုံးပါ။
အမျှင်ဓာတ်က သွေးတွင်းမကောင်းတဲ့ ကိုလက်စထရောကို လျော့ကျစေ ပါတယ်။ အမျှင်ဓာတ်ကို ပဲအမျိုးမျိုး၊ အခွံချွတ်မထားတဲ့ ကောက်နှံစာ၊ ကွေကာနဲ့ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေထဲမှာ အဓိကတွေ့ရပါတယ်။

(၃)လေ့ကျင့်ခန်း လုံလုံလောက်လောက်လုပ်ပါ။
လေ့ကျင့်ခန်းလုပ်တာက သွေးတွင်းကိုလက်စထ ရောများတာ၊ သွေးတိုးတာနဲ့ သွေးတွင်းသကြားဓာတ်များတာတွေကို လျှော့ချပေးနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့မှာ မိနစ်၃၀နဲ့ တစ်ပတ်မှာ ငါးရက်လောက် အသင့်အတင့်လေ့ကျင့်ခန်းကို လုပ်ဆောင်ပေးသင့်ပါတယ်။ လုပ်သင့်တဲ့ လေ့ကျင့်ခန်းတွေကတော့ ခပ်သွက်သွက်ပြေးတာ၊ စက်ဘီးအမြန်စီးတာ၊ ကခုန်တာတွေပဲ ဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top