Healthy Life Ad
Health Tips

အလှအပအတွက် ဘေဘီပေါင်ဒါအသုံးဝင်ပုံ ငါးမျိုး

၊ လရိပ်မေ ၊

သင်လှသထက် လှလာစေဖို့ ဘေဘီပေါင်ဒါကို ဘယ်လိုအသုံးပြုသင့်သလဲဆိုတာ မျှဝေလိုက်ပါတယ်။

(၁) မျက်တောင်ထူထဲစေရန်
မက်စ်ကာရာ တစ်ထပ်ဆိုးပြီးရင် မျက်တောင်ပေါ် ပေါင်ဒါအနည်းငယ်တို့ပေးပါ။ ပြီးရင် မက်စ်ကာရာ နောက်တစ်ထပ်ဆိုးပါ။ ဒီနည်းက မျက်တောင်တွေကို ပိုရှည်၊ ပိုထူထဲသယောင် ထင်ရစေပါတယ်။

(၂) လည်ဆွဲအထုံးများ ပြေစေရန်
လည်ဆွဲမှာ အထုံးနေရာတွေကို ပေါင်ဒါမှုန့်ဖြူးပေးလိုက်ပါ။ လက်ချောင်းလေးတွေနဲ့ အဲဒီအထုံးတွေကို ညင်ညင်သာသာ ပွတ်ပေးလိုက်ရင် အထုံးပြေသွားပါလိမ့်မယ်။

(၃) ဆံပင်အခြောက်လျှော်သလို သန့်စင်စေရန်
ဆံပင်အဆီပြန်ပြီး စေးကပ်နေတယ်၊ ခေါင်းလျှော်ဖို့အချိန်မရှိဘူး ဒါမှမဟုတ် ရာသီဥတုက အေးမြလွန်းနေတယ်ဆိုရင် ဆံပင်သားပေါ် ဘေဘီပေါင်ဒါဖြူးလိုက်ပါ။ ဦးရေပြားနဲ့ဆံပင်အရင်းတွေကို ညင်ညင်သာသာနှိပ်ပေးလိုက်ပါ။ ဒါဆို ဆံပင်သားကို ခေါင်းလျှော်သလို ကျန်းမာသစ်လွင်စေပါတယ်။

(၄) သားရေကုတ်အင်္ကျီ တောက်ပြောင်စေရန်
သားရေအင်္ကျီ သစ်လွင်တောက်ပြောင်နေဖို့ ပေါင်ဒါမှုန့် အနည်းငယ်ဖြူးပြီး အဝတ်စတစ်စနဲ့ ပွတ်တိုက်ပေးလိုက်ပါ။

(၅) အိပ်ရာခင်းများ သစ်လွင်သွားစေရန်
အိပ်ရာခင်းပေါ် ဘေဘီပေါင်ဒါနည်းနည်းဖြူးပေးလိုက်ရင် အိပ်ရာခင်းသန့်ပြီး စိတ်ကိုပါလန်းဆန်းစေပါတယ်။ အိပ်ရေးဝ၀ အိပ်မောကျစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top