Healthy Life Ad
Health Tips

လည်ချောင်းနာနေပြီလား . . .

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

အခုလို နှာစေး၊ ချောင်းဆိုး၊ အအေးမိ၊ တုပ်ကွေးဖြစ်သူ များပြားချိန်မှာ လည်ချောင်းနာတဲ့ဝေဒနာကို ခံစားရသူတွေလည်း များနေပါတယ်။ လည်ချောင်းနာနေချိန်မှာ ပူစပ်ပူလောင် ခံစားရသလို အစာတစ်ခုခု မျိုလိုက်တိုင်း လည်ချောင်း နာကျင်နေတတ်ပါတယ်။ လည်ချောင်းနာတာက အများအားဖြင့် ဗိုင်းရပ်စ်ပိုးဝင်တာကြောင့် ဖြစ်တတ်ပြီး အများအားဖြင့် စိုးရိမ်စရာ မရှိပါဘူး။ ခံရခက်တဲ့ ဝေဒနာကို အိမ်မှာ ကုသနိုင်မယ့်နည်းတွေကို ဖော်ပြလိုက်ပါတယ်။

လည်ချောင်းစိုစွတ်နေပါစေ
လည်ချောင်းယားယံမှုဝေဒနာ သက်သာစေဖို့ စိုစွတ်အောင်ထားပါ။ နံနက်ခင်းမှာ လည်ချောင်းနာ ဝေဒနာက ပိုဆိုးတာကို သတိထားမိပါသလား။ တစ်ညလုံး အရည်သောက်သုံးမှုနည်းတဲ့အတွက် လည်ချောင်းခြောက်ပြီး နာကျင်နေလို့ ဖြစ်ရတာပါ။ အရည်များများသောက်ပေးဖို့ အရေးကြီးပါတယ်။

ငုံဆေး ငုံပါ
ငုံဆေး(Lozenges) ဒါမှမဟုတ် သကြားမပါတဲ့ သကြားလုံးအမာကို ဝါးတာကြောင့် တံတွေးထွက်နှုန်းကို လှုံ့ဆော်ပေးနိုင်ပြီး လည်ချောင်းကို စိုစွတ်စေပါတယ်။

အကိုက်အခဲပျောက်ဆေး သောက်ပါ
လည်ချောင်းနာပြီး တစ်ကိုယ်လုံး ကိုက်ခဲနေရင် ပါရာစီတမောဆေးပြားလို အကိုက်အခဲပျောက်ဆေး ကို သောက်ပါ။ ဒါပေမဲ့ ကလေးငယ်တွေကို အက်စ်ပရင်ဆေးပြား မတိုက်ပါနဲ့။

လည်ချောင်းနာ သက်သာစေမည့် သဘာဝနည်းများ လိုက်နာပါ

– သံပရာရည်ခတ်ထားတဲ့ ရေနွေးကြမ်းပူပူတစ်ခွက် ဒါမှမဟုတ် စွပ်ပြုတ်ပူပူကို သောက်ပါ။

– ငုံဆေးငုံပြီး လည်ချောင်းစိုစွတ်အောင် လုပ်ဆောင်ပါ။

– ဆားခတ်ထားတဲ့ ကြက်သီးနွေးရေနဲ့ ပလုတ်ကျင်းပါ။

– အိပ်နေစဉ် အခန်းထဲမှာ လေထုစိုထိုင်းဆများစေတဲ့ စက်ကို တပ်ဆင်ထားပါ။ လေထုကို စိုစွတ်စေပြီး လည်ချောင်းနာတဲ့ ဝေဒနာကို သက်သာစေပါတယ်။

လည်ချောင်းနာချိန် ကြာလျှင် ဆရာဝန်နှင့်ပြပါ
လည်ချောင်းနာတဲ့ ဝေဒနာက အလွန်ဆိုးရွားနေရင် ဒါမှမဟုတ် ရက်အနည်းငယ်ကြာတဲ့အထိ မပျောက်ရင်၊ အဖျားကြီးတာနဲ့ တွဲဖြစ်ရင် ဘက်တီးရီး ယား ပိုးဝင်တာကြောင့် ဖြစ်နိုင်တဲ့အတွက် ပဋိဇီဝပိုး သတ်ဆေးကို မှီဝဲဖို့ လိုအပ်နေပါပြီ။ ဒီအခြေအနေမှာ ဆရာဝန်နဲ့ ပြပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top