Healthy Life Ad
Health Tips

အရပ်ရှည်စေမည့် သဘာဝနည်းများ

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

အရွယ်ရောက်လာသူအများစုဟာ အပျိုဖော်၊ လူပျိုဖော်ဝင်ပြီးတဲ့နောက်မှာ သူတို့ရဲ့အရပ်က လက်မအနည်းငယ် ထပ်ရှည်လာနိုင်ပါသေးတယ်။ ယေဘုယျအားဖြင့် မိန်းကလေးတွေက အသက် ၁၆ နှစ်အထိ၊ ယောကျာ်းလေးတွေက အသက် ၁၈-၁၉ လောက်အထိ အရပ်ရှည်နိုင်ခြေရှိတယ်လို့ ဆိုကြပါတယ်။ ဒါပေမဲ့ အဲဒီအသက်အရွယ်ကို ကျော်လွန်လာပြီးတဲ့အချိန်မှာတောင် အရပ်နှစ်လက်မလောက်အထိ ထပ်ရှည်လာအောင် လုပ်ပေးနိုင်တဲ့နည်းလမ်း တွေရှိနေပါတယ်။ အရပ်ရှည်စေဖို့အတွက် လိုက်နာ သင့်တဲ့နည်းလမ်းတွေကတော့-

(၁) ကျန်းမာရေးနှင့်ညီညွတ်သော ဘဝနေ ထိုင်မှုပုံစံကို ထိန်းသိမ်းပါ
ပြုပြင်ထားတဲ့ အဆင်သင့်အစာတွေကို လုံးဝမစားပါနဲ့။ နွားနို့၊ ဒိန်ချဉ်၊ အရိုးပါဝါးစားလို့ရတဲ့ ငါးကလေးတွေ စတာတွေကို မှီဝဲပေးပါ။ အစားအသောက်စားတဲ့အခါ တတ်နိုင်သမျှ လတ်ဆတ်တာ ကိုရွေးပါ။

(၂) အရက်နှင့် ဆေးလိပ်ကို ရှောင်ပါ
အရက်နဲ့ ဆေးလိပ်ထဲမှာပါဝင်တဲ့ ဓာတ်တွေဒာ အရပ်ရှည်တာနဲ့ ဆက်စပ်နေတဲ့ ကြီးထွားဟော်မုန်း ထုတ်လုပ်မှုကို အဟန့်အတားဖြစ်စေနိုင်လို့ပါ။

(၃) အနေအထားမှန်မှန်နေပါ
ထိုင်တဲ့အခါ၊ မတ်တပ်ရပ်တဲ့အခါတွေမှာ ကိုယ်နေဟန်ထားမှန်မှန်နေပါ။ အနေအထားမှန်မှန်နေတာက သင့်ကို အရပ်ပိုရှည်တယ်လို့ ထင်ရစေပါတယ်။

(၄) အိပ်ရေးဝ၀အိပ်ပါ
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တဲ့အဆင့် (REM) ရရှိအောင် အိပ်စက်ပါ။ REM ရအောင် အိပ်စက်မှုကြောင့် သင့်ခန္ဓာကိုယ်ရဲ့ ပင်ပန်းမှုတွေကို ပြေ ပျောက်စေပြီး ကြီးထွားဟော်မုန်းရဲ့ လုပ်ဆောင်မှုကို အားကောင်းစေပါတယ်။ အိပ်တဲ့အခါမှာ ခြေထောက်တွေကို ကွေးမအိပ်ပါနဲ့။သင့်အရပ်အမောင်းဟာ မျိုးရိုးဗီဇ၊ အပျိုဖော်၊ လူပျိုဖော်စဝင်တဲ့အသက်အရွယ်၊ အထွေထွေ ကျန်း မာရေး(နာတာရှည်ရောဂါရှိရင် အရပ်ရှည်မှုကို ထိ ခိုက်စေနိုင်ပါတယ်)၊ ဘဝနေထိုင်စားသောက်မှုပုံစံ စတဲ့အချက်တွေပေါ်မှာ မူတည်နေပါတယ်။မြန်မာ နိုင်ငံမှာ အရပ်လက်မ အနည်းငယ် ရှည်အောင် လုပ် ပေးနိုင်တယ်လို့ကြေညာထားတဲ့ အားကစားခန်းမ (Gym & Fitness Centre) တွေရှိပါတယ်။

(၅) လေ့ကျင့်ခန်းကို ပုံမှန်ပြုလုပ်ပေးပါ
နှလုံးခုန်နှုန်းကောင်းမွန်အောင် နှလုံးသွေး ကြောဆိုင်ရာလေ့ကျင့်ခန်းတွေကို ပြုလုပ်ပေးပါ။ ရေကူးတာ၊ တာတိုပြေးတာ စတဲ့လေ့ကျင့်ခန်းတွေကို လုပ်ဆောင်ပေးတာက ခန္ဓာကိုယ်ထဲက ကြီးထွား ဟော်မုန်းထွက်နှုန်းကို တိုးစေပြီး အရပ်ရှည်စေပါတယ်။ ရေကူးတာကြောင့် အရပ်ရှည်စေတဲ့အပြင် သင့်ခန္ဓာကိုယ်ကို ကျန်းမာကြံ့ခိုင်ကာ သန်စွမ်းစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top