Healthy Life Ad
Life Style

လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် ပျော်ရွှင်မှုကို ရရှိစေနိုင်မည့် နည်းလမ်း ခုနစ်သွယ်

၊ ကိုထက် ၊

ဒီနေ့ခေတ်မှာ မကြာခဏဆိုသလို စိတ်ဓာတ်ကျတာ၊ မျှော်လင့်ချက်ကင်းမဲ့တာနဲ့ ပျင်းရိတာတွေကို ခံစားရစေနိုင်ပါတယ်။ ဆုံးရှုံးမှု၊ ထိခိုက်ဒဏ်ရာရမှုနဲ့ နာကျင်မှုတွေကြောင့်လည်း ဘဝမှာနေထိုင်ရတာကို ငြီးငွေ့လာနိုင်ပါတယ်။ အဲဒီအချိန်မှာလုပ်သင့်တဲ့ အကောင်းဆုံးလုပ်ဆောင်မှုကတော့ လေ့ကျင့်ခန်းလုပ် တာပါပဲ။ လေ့ကျင့်ခန်းကို အသင့်အတင့်နဲ့ နည်းမှန် လမ်းမှန်ပြုလုပ်တာကစိတ်ဓာတ်ခွန်အားကို မြှင့်တင်ပေးနိုင်တဲ့အပြင် ပျော်ရွှင်မှုကိုပါရရှိစေပါတယ်။ လေ့ကျင့်ခန်းကြောင့် ပျော်ရွှင်မှုကိုရရှိစေနိုင်တဲ့ နည်းလမ်း ခုနစ်သွယ်ကို အောက်မှာဖော်ပြပေးလိုက်ပါတယ်။

(၁) လေ့ကျင့်ခန်းဟာ ခန္ဓာကိုယ်ပုံပန်းသဏ္ဌာန်ကို ကြည့်ကောင်းစေပါတယ်။ ခန္ဓာကိုယ်ပုံပန်းသဏ္ဌာန် ကြည့်ကောင်းတာနဲ့အတူ သင့်အနေနဲ့ ကမ္ဘာလောကကြီးကို မြင်တဲ့အမြင်ဟာလည်း ပြောင်းလဲကောင်း မွန်သွားတတ်ပါတယ်။

(၂) လေ့ကျင့်ခန်းလုပ်ရင်း ထွက်လာတဲ့ ဦးနှောက်ထဲက ဓာတုပစ္စည်းတွေဟာ စိတ်ခံစားမှုကို တည်ငြိမ် အေးချမ်းသွားစေပါတယ်။

(၃) လေ့ကျင့်ခန်းကို တစ်ခါပြုလုပ်ပြီးတဲ့အခါတိုင်း သင့်စိတ်ထဲမှာ ပြည့်ပြည့်စုံစုံ အောင်မြင်တဲ့ စိတ်ခံစားမှုကို ရရှိစေပါတယ်။ အဲဒီစိတ်နဲ့အတူ ကိုယ့်ကိုယ် ကိုယ် လေးစားစိတ်ကိုပါ ဖြစ်တည်စေပါတယ်။

(၄) လေ့ကျင့်ခန်းလုပ်တာက စိတ်ခံစားမှုဆိုင်ရာ နာကျင်မှု မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ စိတ် ပိုင်းဆိုင်ရာ ဝေဒနာကို ခံစားရတဲ့အခါမှာလည်း လေ့ကျင့်ခန်းလုပ်တာကြောင့် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု တိုးပွားနေတဲ့အတွက်အချိန်တိုအတွင်း မြန်မြန်သက် သာစေနိုင်ပါတယ်။

(၅) မကြာခဏစိတ်ဓာတ်ကျတာနဲ့ ပူပင်သောက ခံစားရတာတွေကို ကြုံတွေ့ရတတ်တဲ့သူတွေအနေနဲ့ လေ့ကျင့်ခန်းလုပ်တာကြောင့် ဝေဒနာသက်သာကာ စိတ်ပျော်ရွှင်မှုကို ရရှိစေနိုင်ပါတယ်။

(၆) လေ့ကျင့်ခန်းလုပ်တာကြောင့် သင့်အနေနဲ့ ခန္ဓာကိုယ်ပုံပန်းသဏ္ဌာန်ကိုစမတ်ကျပြီး ပိုမိုကြည့်ကောင်း လာတဲ့အတွက် စိတ်ပိုင်းဆိုင်ရာနာကျင်မှုတွေကို ကျော်လွှားအနိုင်ယူနိုင်ပြီး စစ်မှန်တဲ့ ပျော်ရွှင်မှုကိုခံစား ရရှိစေပါတယ်။

(၇) လေ့ကျင့်ခန်းလုပ်တာကြောင့် လိင်ပိုင်းဆိုင်ရာ ပြဿနာရှိတာ၊ အိပ်ရေးပျက်တာနဲ့ ကိုယ့်ကိုယ်ကိုယ် သတ်သေလိုတဲ့ အတွေးဝင်တာတွေကို လျော့ကျစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top