Healthy Life Ad
Child

သင့်ကလေးငယ်ကို လေထုညစ်ညမ်းမှုမှ ကာကွယ်ပေးရအောင် . . .

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

အခုခေတ်မှာ လေထုညစ်ညမ်းမှုက နေရာအနှံ့အပြားမှာ ရှိနေတဲ့အတွက် ကလေးတွေကို လေထုညစ်ညမ်းမှုဒဏ် မကျရောက်အောင် ကာကွယ်ပေးဖို့လိုအပ်နေပါပြီ။ ကလေးတွေဟာ လေကတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါဝေဒနာတွေအဖြစ်များတတ်တဲ့အတွက် လေထုညစ်ညမ်းမှုမကျရောက်အောင် ကာကွယ်ပေးနိုင်မယ့် နည်းလမ်းတွေကို မျှဝေလိုက်ပါတယ်။

– ယာဉ်ကြောထူထပ်ချိန် အပြင်မသွားသင့်

ကလေးကို ယာဉ်ကြောထူထပ်ချိန်မှာ အပြင်ခေါ်မသွားသင့်ပါဘူး။ အပြင်ခေါ်သွားတဲ့အခါ ကားမှန်ကို သေချာပိတ်ထားပါ။

– နေကာမျက်မှန် တပ်ပေးပါ
ကလေးရဲ့မျက်ဝန်းတွေကိုကာကွယ်ဖို့ နေကာမျက်မှန် တပ်ပေးပါ။

– သန့်စင်ပေးပါ
အပြင်က ပြန်လာတဲ့အခါ ကလေးရဲ့ လက်တွေကို ဆေးကြောတဲ့ အကျင့်၊ အဝတ်အစားလဲတဲ့ အကျင့်လုပ်ပေးပါ။ အပြင်က ညစ်ညမ်းတဲ့ အမှုန်အမွှားတွေက ကလေးရဲ့ လက်နဲ့ အဝတ်အစားတွေမှာ ကပ်ငြိပါလာနိုင်လို့ ဖြစ်ပါတယ်။

– လေထုညစ်ညမ်းမှုများသော နေရာများ တွင် မကစားစေသင့်ပါ
ကလေးတွေကို ဆေးလိပ်မီးခိုး၊ စက်ရုံအလုပ် ရုံမီးခိုးတွေနဲ့ ထိတွေ့မှုများတဲ့ နေရာတွေမှာ ကစားခိုင်းတာမျိုး ရှောင်ကြဉ်စေသင့်ပါတယ်။

– လူဦးရေ ထူထပ်သောနေရာကို ရှောင်ပါ
ဖြစ်နိုင်ရင်ကလေးကိုလူထူထူရှိတဲ့ နေရာတွေကို ခေါ်မသွားပါနဲ့။ အထူးသဖြင့် နေမကောင်းဖြစ်ပြီး စကလေးတွေနဲ့ နေမကောင်းဖြစ်လွယ်တဲ့ ကလေးတွေကို လူထူထပ်တဲ့ နေရာတွေထဲ ခေါ်မသွားသင့်ပါဘူး။

– အသက်ရှူလေ့ကျင့်ခန်း လုပ်ဆောင်ပါ
ကလေးတွေကိုအသက်ရှူလေ့ကျင့်ခန်းလုပ် တတ်အောင်သင်ပေးပါ။ စိမ်းစိုသန့်ရှင်းတဲ့ နေရာမှာ အသက်ရှူသွင်း၊ ရှူထုတ်တဲ့လေ့ကျင့်ခန်းလုပ်ခိုင်းပါ။

– အင်တီအောက်ဆီးဒင့်များများပါသည့် အစာစားပါ
စတော်ဘယ်ရီသီး၊ ခရမ်းချဉ်သီး၊ မုန်လာဥနီ၊ ပန်းဂေါ်ဖီစိမ်း၊ ပန်းသီးနဲ့ ဆီးသီးတို့လို အရောင်ရင့်တဲ့ သစ်သီးနဲ့ဟင်းသီးဟင်းရွက်တွေမှာ အင်တီအောက်ဆီးဒင့်များများပါတဲ့အတွက် ကလေးတွေရဲ့အသက်ရှူလမ်းကြောင်းစနစ်ကို ကျန်းမာစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top