Healthy Life Ad
Health Tips

နေ့စဉ် နေ့တိုင်း လိမ္မော်သီးစားရင် ခန္ဓာကိုယ်မှာ ဘာကောင်းကျိုးရရှိနိုင်သလဲ . . .

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

နေ့တိုင်း လိမ္မော်သီးစားပေးတဲ့အခါ သင့်ခန္ဓာကိုယ်မှာ အောက်ပါကျန်းမာရေးအကျိူးကျေးဇူးတွေကို ရရှိစေပါတယ်။

– အသားအရေကို ကြည်လင်ကျန်းမာစေပါတယ်
အသက်ကြီးလာတဲ့အခါ တခြားခန္ဓာကိုယ်အစိတ်အပိုင်းနဲ့အတူ အသားအရေကလည်း ဖရီးရယ် ဒီကယ်ကြောင့် ထိခိုက်မှုမဖြစ်အောင် ကာကွယ်ပေးပါတယ်။ လိမ္မော်သီးမှာ အင်တီအောက်ဆီးဒင့်နဲ့ ဗီတာမင်စီပါဝင်တာကြောင့် အသားအရေကို နုပျိုစေပြီး အသားအရေ ကြည်လင်စေပါတယ်။

– ဆံပင်မကျွတ်အောင် ကာကွယ်ပေးပါတယ်
လိမ္မော်သီးမှာ ဗီတာမင်စီ ပါဝင်မှုများတဲ့အတွက် ကော်လာဂျင်ထုတ်လုပ်မှုတိုးစေပြီး ဆံပင်သားကို ကျန်းမာသန်စွမ်းစေပါတယ်။

– ဦးနှောက်ဖွံ့ဖြိုးစေပါတယ်
လိမ္မော်သီးမှာပါတဲ့ ဖောလိတ်နဲ့ ဖောလစ်အက်ဆစ်တွေက ဦးနှောက်ဖွံ့ဖြိုးမှုကို အားကောင်းစေပြီး အရေးပါတဲ့ ကိုယ်တွင်းအင်္ဂါတွေကို အားဖြည့်ပေးပါ တယ်။ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် အရေးပါတဲ့ လိမ္မော်သီးဟာ သန္ဓေသားကို ဦးနှောက်အာရုံကြော ဆိုင်ရာ ချို့ယွင်းမှုမဖြစ်အောင် ကာကွယ်ပေးပါတယ်။

– နှလုံးရောဂါမရအောင် ကာကွယ်ပေးပါတယ်
ကျန်းမာရေးနဲ့ မညီညွတ်တဲ့ နေထိုင်စားသောက်မှုပုံစံရှိတာနဲ့ အဆင်သင့်အစာတွေ စားတာကြောင့် သွေးလွှတ်ကြောတွေပိတ်ဆို့ကာ နှလုံးရောဂါဖြစ်စေနိုင်ပါတယ်။ လိမ္မော်သီးမှာဟက်စ်ပါရင်ဒင်လို ဖလေ ဗနွိုက်ပါဝင်တာကြောင့် မကောင်းတဲ့ သွေးတွင်းကို လက်စထရောကို လျော့ကျစေပြီး သွေးလွှတ်ကြော ပိတ်ဆို့မှုမဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဒီနည်းက နှလုံးရောဂါထခြင်း(Heart Attack) မရအောင် ကာကွယ်ပေးပါတယ်။

– ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပါတယ်
လိမ္မော်သီးတစ်လုံးမှာ တစ်နေ့တာလိုအပ်တဲ့ ဗီတာမင်စီ ၁၀ဝ ရာခိုင်နှုန်းကျော် ပါဝင်နေပါတယ်။ ဒါကြောင့် ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပြီး ရောဂါနဲ့ ကူးစက်ပိုးတွေ မဝင်အောင် ကာကွယ်ပေးပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top