Healthy Life Ad
International

လီမွန်သီးနှင့်ဆော့ကစားပြီးနောက် အလွန်အမင်း အပူလောင်ရာရခဲ့သည့် ညီအစ်မငါးဦး

ကိုထက်

ကယ်လီဖိုးနီးယားမှ အသက် ၇ နှစ်နဲ့ ၁၁ နှစ်အတွင်း မိန်းကလေးငါးဦးဟာ ရေကူးကန်ထဲမှာကစားပြီး နောက်တစ်နေ့မှာ အရေပြားပေါ် မီးပူလောင်သလို အရည်ကြည်ဖုတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။

အရေပြားနာကျင်နေတဲ့အတွက် ကလေးတွေရဲ့မိဘက ချက်ချင်း ဆေးရုံခေါ်ပြခဲ့တဲ့အခါ မိန်းကလေးငါးဦးစလုံး ဒုတိယအဆင့် အပူလောင်ခြင်းဝေဒနာ ခံစားရတာဖြစ်တယ်လို့ ဆရာဝန်တွေက ဆိုပါတယ်။ မိန်းကလေးအားလုံးကို အထူးကြပ်မတ်ကုသဆောင်ထဲမှာ ထားရှိပြီး နှစ်ပတ်ကြာကုသမှုပေးခဲ့ရပါတယ်။ နောက်အနည်းဆုံး ၆လအတွင်း နေဒဏ်နဲ့မထိတွေ့ဖို့လည်း ဆရာဝန်တွေက မိဘတွေကို သတိပေးထားပါတယ်။

မိန်းကလေးတွေ ဘာကြောင့် အပူလောင်ရသလဲဆိုတာကို ဆရာဝန်တွေက စစ်ဆေးခဲ့တဲ့အခါ အစပိုင်းမှာ နေကာခရင်မ်မှာပါတဲ့ ဓာတုပစ္စည်းကြောင့်လို့ ထင်ခဲ့ပါတယ်။ ဒါပေမဲ့ အရင်ကတည်းက သုံးခဲ့တဲ့ နေကာခရင်မ်ဖြစ်ပြီး ဘယ်တုန်းကမှ ဓာတ်မတည့်တာမျိုး မရှိခဲ့ဘူးလို့ မိဘတွေကဆိုပါတယ်။

နောက်ဆုံးမှာတော့ မိန်းကလေးထဲက တစ်ဦးဟာ လီမွန်သီးငါးလုံးယူလာပြီး အရည်တွေညှစ်ကာ တစ်ဦးအပေါ်တစ်ဦး လောင်းချခဲ့တယ်လို့ သိရပါတယ်။ ဒီမိန်းကလေးအားလုံးမှာ ချဉ်တဲ့သစ်သီးထဲမှာပါတဲ့ဓာတ်နဲ့ နေရောင်ခြည်ကရတဲ့ ခရမ်းလွန်ရောင်ခြည် ဓာတ်ပြုရာကဖြစ်လာတဲ့ အရေပြားဝေဒနာတစ်မျိုး (phytop­hotodermatitis) ခံစားရတာဖြစ်ကြောင်း ဆရာဝန်တွေက မှတ်ချက်ချခဲ့ပါတယ်။

“ခရမ်းလွန်ရောင်ခြည်က ဓာတုပစ္စည်းတည်ဆောက်ပုံကို ပြောင်းလဲပေးပြီး အရေပြားမှာ အဆိပ်သင့်တဲ့ တုန့်ပြန်မှုဖြစ်ရတာပါ” လို့ Mayo ဆေးခန်းမှ အရေပြားအထူးကု ဒေါက်တာဒေးဗစ်က ဆိုပါတယ်။

Ref;freedy.com

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top