Healthy Life Ad
Child

သင့်အိမ်မှာ ကလေးငယ်အတွက် လုံခြုံနွေးထွေးတဲ့ ကစားရာနေရာလေး ဖန်တီးပေးရအောင်

၊ ငွေကြယ်စင်ယံ ၊

ကလေးတွေ ကစားနေတာက သူတို့ရဲ့ လေ့လာစူးစမ်းစိတ်ကို အသုံးချနေတာပါ။ ဒါကြောင့် ကလေးက ဆော့လိုက်တာဆိုပြီး မငြိုငြင်ပါနဲ့။ ကလေး ထိခိုက်ဒဏ်ရာရမှာကို မိဘတိုင်း စိုးရိမ်ပူပန်တတ် ကြတာမို့ ကလေးကစားခုန်စား ပြုလုပ်ရာမှာ အန္တရာယ်ကင်းပြီး ချစ်ချင် နှစ်သက်ဖွယ်ရာ နေရာတွေကို ဖန်တီးထားသင့်ပါတယ်။ ကလေးဆော့ကစားနေချိန်မှာလည်း လူကြီးတစ်ဦးက အမြဲစောင့်ကြည့်နေဖို့လို အပ်ပါတယ်။

– အိပ်ရာ
ကလေးရဲ့ အိပ်ရာက သန့်ရှင်းသပ်ရပ်နေဖို့ အထူးလိုအပ်ပါတယ်။ အထူးသဖြင့် ကလေးရဲ့ အိပ်ရာ ခင်းကိုသေးစိုသွားတိုင်း၊ ညစ်ပေသွားတိုင်း လျှော်ဖွပ်ပေးဖို့ လိုပါတယ်။ ကလေးဟာ အိပ်ရာထဲမှာ ဆော့ ကစားတဲ့အခါ အိပ်ရာ၊ ခေါင်းအုံးနဲ့ အရုပ်တွေကြောင့် ဓာတ်မတည့်မှုမဖြစ်စေဖို့ အထူးသတိထားသင့်ပါတယ်။

– အိမ်နှင့် ခြံပတ်ဝန်းကျင်
ကလေးကသစ်ပင်တွေ၊ သစ်ရွက်တွေ၊ ပန်းပွင့်တွေကိုထိတွေ့ကိုင်တွယ်ပြီး ဆော့ကစားရတာကို သဘောကျတတ်ပါတယ်။ ကလေးအတွက် ပြင်ပပတ်ဝန်းကျင်နဲ့ထိတွေ့ခွင့်ပေးပါ။ ကလေးဆော့က စားနေချိန်မှာ စောင့်ကြည့်ပေးဖို့တော့လိုပါတယ်။

– သဘာဝမြေကြီး
ကလေးတွေက သဲတွေကို ကိုင်တွယ်ပြီး ဆော့ကစားရတာကို သဘောကျတတ်ပါတယ်။ ကလေး ဆော့ချင်ရင်တစ်ခါတလေဆော့ခွင့်ပြုပြီးတဲ့အခါ သူ့လက်တွေကို သေချာဆေးကြောပေးပါ။ အထူးသဖြင့် သဲမြေတွေကို သူ့ပါးစပ်ထဲမထည့်မိဖို့ အထူးဂရုစိုက်ပါ။

– အရုပ်များ
ကလေးက ပါးစပ်ထဲကို ပစ္စည်းထည့်တတ်တဲ့ အချိန်မှာ ကလေးရဲ့ ပါးစပ်ထဲထည့်လို့ ဝင်နိုင်လောက်တဲ့ ကစားစရာ အရုပ်သေးသေးလေးတွေကို မဝယ်ပါနဲ့။ ဂေါ်လီလုံးသေးသေးလေးတွေ၊ အရုပ်သေးတွေ၊ ဓာတ်ခဲသေးတွေကို ကလေးနားမှာ ဘယ်တော့မှ မရှိပါစေနဲ့။ ကလေးရဲ့ အရုပ်တွေကို မကြာခဏ ဆေးကြောပေးဖို့ အရေးကြီးပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top