Healthy Life Ad
Q & A

ဘယ်လိုဆိုရင် ဆီးချိုလို့ သတ်မှတ်ပါသလဲ . .

မေး။ ။ ဆီးချို ဖြစ်တယ်လို့ ယူဆရတဲ့ ရာခိုင်နှုန်းလေးတွေ သိချင်လို့ပါ။ ည၁၀နာရီနောက်ပိုင်း ဘာမှမစား တော့ဘဲ မနက်အစာမစားခင် သွေးစစ်တဲ့အခါ ဘယ်လောက်အတွင်းရှိရင်ဆီးချိုဖြစ်တယ်လို့ သတ်မှတ်ပါ သလဲ။ ထမင်းစားပြီး၂နာရီ သွေးစစ်လို့ ဘယ်လောက် အတွင်းရှိရင် ဆီးချိုရှိတယ်လို့သတ်မှတ်ပေးပါသလဲ။
စောမြတ်မွန် (FB)

ဒေါက်တာမြတ်ထွဋ်ညွှန့် ဖြေကြားသည်။

ဖြေ။ ။ အစာမစားခင် နံနက်စောစော သွေးထဲမှာ ဂလူးကို့စ် အချိုဓာတ် 100mg/dl ထက်နည်းသင့်ပါတယ်။ ၁၀ဝ ကနေ 150mg/dl ဆိုရင် ဆီးချို အကြိုအဆင့်၊ 126mg/dl ထက်များရင် ဆီးချိုအဆင့် ဖြစ်ပါတယ်။ အနည်းဆုံးနှစ်ရက် နှစ်ကြိမ်တိုင်းသင့်ပါတယ်။ အစာစားပြီး ၂ နာရီမှာတော့ 140mg/dl အောက်ရှိသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top