Healthy Life Ad
Q & A

ငယ်ငယ်ရွယ်ရွယ်နဲ့ ဆံပင်ဖြူရင် . . .

မေး။ ။ သမီးအသက် ၁၆နှစ်ပဲ ရှိပါသေးတယ်။ ဆံပင်ဖြူ အနည်းငယ်ရှိနေလို့စိတ်ညစ်နေရပါတယ်။ ဘာဓာတ် ချို့တဲ့လို့ပါလဲ။ သမီးက ခေါင်းလိမ်းဆီလိမ်းလေ့မရှိဘူး။ အဲဒါနဲ့ ဆိုင်ပါသလား။ ဘာအစာ စားသင့်ပါသလဲ။
သွယ်သွယ်၊ နေပြည်တော်။

ဒေါက်တာမြတ်ထွဋ်ညွှန့် ဖြေကြားသည်။

ဖြေ။ ။ ဆံပင်ဖြူရတဲ့ အကြောင်းရင်းတွေ အများကြီး ရှိပါတယ်၊။ မျိုးရိုးဗီဇက အဓိကျပါတယ်။ ဒါ့အပြင် အာဟာရပြည့်ဝမှုမရှိတဲ့အခါ စိတ်ရောကိုယ်ပါ ဖိစီးမှုတွေများတဲ့အခါ ဆံပင်ဖြူတာတွေ၊ ဆံပင်ကျွတ် တာတွေဖြစ်နိုင်ပါတယ်။ အစာအာဟာရ ပြည့်ဝအောင်စားဖို့၊ အသီးအနှံ၊ သစ်ဥသစ်ဖု၊ အစေ့အဆန် တွေများများစားဖို့လိုပါတယ်။ စိတ်ဖိစီးနည်းအောင် နေထိုင်ပြီး အိပ်ချိန်၊ စားချိန်မှန်အောင်ဂရုစိုက်ပေးရင် အထိုက်အလျောက်သက်သာနိုင်ပါမယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top