Healthy Life Ad
Life Style

ကြက်ဖ မတွန်ပေမယ့်လည်း မိုးလင်းပါတယ် . . .(၃)

ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး)

ငှက်သိုက်မှာ ဘာတွေ ပါဝင်သလဲ
ငှက်သိုက်မှာ အမိုင်နိုအက်ဆစ် (Amino acids) ဆိုတဲ့ အသားဓာတ်တွေ၊ ငှက်သိုက်မှာပဲ တွေ့ရှိရတဲ့ ဂလိုင်ကိုပရိုတင်း (glycoprotein) တွေ၊ ခန္ဓာကိုယ်မှာမရှိမဖြစ်တဲ့ အသားဓာတ်(Amino acid)တွေ များစွာပါဝင်ပါတယ်။ ဆိုင်ယာလစ်အက် ဆစ်(Sialic acid)ဆိုတဲ့ အမိုင်နိုအက်ဆစ်ဓာတ်ဟာ အရေးပါတဲ့ ဓာတ်တစ်ခုဖြစ်ပါတယ်။ တခြားဇီဝဓာတ် ပြုပစ္စည်းတွေ (Bioactive compounds) လည်းများစွာ ပါဝင်တယ်လို့ လေ့လာသိရှိရပါတယ်။

ကလာပ်စည်းပွားနှုန်းမြန်ခြင်း
ဟော်မုန်းနဲ့တူတဲ့ဓာတ် (Hormone like sub-stances)ေတွနဲ့ ငှက်ရဲ့ ကလာပ်စည်းပွားနှုန်း မြန်စေတဲ့ ဟော်မုန်းဓာတ်တစ်မျိုး (Avian Epidermal growth factors) ပါဝင်တဲ့အတွက် ခန္ဓာကိုယ်ရဲ့ ကလာပ်စည်းတွေပျက်ပြီးရင် ပြန်လည် ပြုပြင်ပေးတဲ့နေရာမှာ မြန်ဆန်စေတယ်လို့ ယူဆကြပါတယ်။ ဓာတ်ခွဲခန်းမှာ မျက်ကြည်လွှာကလာပ်စည်းတွေ (Corneal keratocytes)ကို သွေးရည်ကြည်မှာ မွေးကြည့်တဲ့အခါ ကလာပ်စည်းပွားနှုန်း (Proliferation capacity)က ငှက်သိုက်နဲ့ စီမံထားတဲ့ အရည်ပါတာ၊ မပါတာထက် ပိုပြီး ပွားနှုန်း မြန်တာကို တွေ့ရှိရပါတယ်။

ခုခံအား ကောင်းစေခြင်း (Immunity)
ခုခံအားကို lymphocytes လို့ခေါ်တဲ့ သွေးဖြူဥတွေက အဓိက တာဝန်ယူထားပါတယ်။ ငှက်သိုက်ရဲ့ T-lymphocytes အစွမ်းကတွေပွားများစေတဲ့နည်းနဲ့ ရောဂါပိုးတွေရဲ့ ခုခံအားကို မြှင့်ပေးတာ၊ ဒီသွေးဖြူဥတွေ ပွားများရာမှာ အဓိကအရေးကြီးတဲ့ ဒီအင်န်အေတွေ တည်ဆောက်နှုန်းများတာ (DNA Synthesis)ကိုဓာတ်ခွဲခန်းတိရစ္ဆာန်တွေမှာ စမ်းသပ်တွေ့ရှိထားပါတယ်။ ကလာပ်စည်းပွားနှုန်းများစေ ခြင်း(Mitogenic effects)ကို သွေးထဲရှိ monocyte လို့ခေါ်တဲ့ သွေးဖြူဥတွေနဲ့ စမ်းသပ်ခန်းမှာ စမ်း သပ်တွေ့ရှိရပါတယ်။ ဒါကြောင့် ပိုးမွှားဒဏ်ကို ခုခံပေးတယ်လို့ ဆိုကြပါတယ်။

ငှက်သိုက်ရဲ့အစွမ်း T- lymphocytes တွေပွားများ စေတဲ့နည်းနဲ့ ရောဂါပိုးတွေရဲ့ ခုခံအားကို မြှင့်ပေးတာ၊ ဒီသွေးဖြူဥတွေ ပွားများရာမှာ အဓိက အရေးကြီးတဲ့ ဒီအင်န်အေတွေတည်ဆောက်နှုန်းများတာ (DNA Synthesis)ကို ဓာတ်ခွဲခန်းတိရစ္ဆာန်တွေမှာ စမ်းသပ် တွေ့ရှိထားပါတယ် . . .

Antioxident -ဓာတ်တိုးခြင်းကို ဆန့်ကျင်သည့် အရည်အချင်း
ငှက်သိုက်မှာ ခန္ဓာကိုယ်ကို အဆိပ်အတောက် ဖြစ်စေတဲ့ ဓာတ်တိုးဖြစ်စဉ်တွေကို ဟန့်တားပေးတဲ့ (Antioxident) သတ္တိတွေ ပါဝင်တာကို ဓာတ်ခွဲခန်းကြွက်တွေမှာ စမ်းသပ်တွေ့ရှိရပါတယ်။ ဓာတ်တိုးမှု လျော့နည်းသွားတဲ့အခါမှာ ကလာပ်စည်းတွေ ပျက်စီးတာ နည်းပြီး အသစ်ပြုလုပ်တာ ဒါမှမဟုတ် ပြုပြင် တည်ဆောက်တာကို များစေပါတယ်။ Apoptosis လို့ခေါ်တဲ့ ကလပ်စည်းတွေသေတာကို နည်းစေတယ်လို့ သိရပါတယ်။

Reactive oxygen species (ROS)
ခန္ဓာကိုယ်မှာ ROS လို့ ခေါ်တဲ့ ဓာတ်တိုးပစ္စည်း တွေများလာရင် Apoptosis ကလာပ်စည်းများ သေသွားတာကို ပိုဖြစ်စေပါတယ်။ ဒါကြောင့် ROS တွေ နည်းအောင် လုပ်နိုင်ရင် ကလာပ်စည်းဆဲလ်တွေ ပိုပြီး အသက်ရှည် ပွားများလာပါမယ်။ အပျက်နည်းရင် အပြုသဘော ပိုများစေပါတယ်။ ကြွက်တွေမှာ ROS လျော့စေလို့ အင်ဆူလင်တုန့်ပြန်မှုပေးတဲ့ increased insulin signaling ကို ပိုများလာစေပြီး အင်ဆူလင်အစွမ်း ပိုထက်စေတာ တွေ့ရပါတယ်။

Degenerative disease
Degenerative disease ရောဂါအုပ်စုမှာ အသက်ကြီးလာလို့ ပြောင်းလဲလာတဲ့ ဖြစ်စဉ်ကြောင့် ဖြစ်ပေါ်လာတဲ့ ရောဂါတွေ ပါဝင်ပါတယ်။ ဥပမာ ပါကင်ဆန်(Parkinsonism) ရောဂါ၊ ကြီးပေါင်းဒူး ဆစ်နာရောဂါ (Osteoarthritis) စသဖြင့် ပါဝင်ပါတယ်။ ဓာတ်ခွဲခန်းမှာ စိတ်ဝင်စားစရာ စမ်းသပ်ချက် တစ်ခုက SH-SY5Y human neuroblastoma လို့ခေါ်တဲ့ ဦးနှောက်ကလာပ်စည်းတွေကို 6-OHDA(6-hydroxydopamine) ဓာတ်နဲ့ ထိတွေ့စေခြင်းဖြင့် ပါကင်ဆန်ဦးနှောက်ရောဂါ (Parkinson’s disease) ပုံစံမျိုးကို ဓာတ်ခွဲခန်းမှာ ဖန်တီးနိုင်ပါတယ်။ ဒီလိုဖြစ်စေအောင် ဖန်တီးရာမှာ ငှက်သိုက်ကထုတ်ထားတဲ့ အရည်တွေနဲ့ ရောနှောထားရင် ပါကင်ဆန်ရောဂါ (PD)ဖြစ်တာ ပိုလျော့ နည်းတာ တွေ့ရှိရပါတယ်။ ခန္ဓာကိုယ်မှာ ဖြစ်ခြင်း နဲ့ပျက်ခြင်းနှစ်ခု အနက် Apoptosis လို့ခေါ်တဲ့ ကလာပ်စည်းတွေ သက်တမ်းကုန်ပြီး သေသွားတဲ့ နှုန်းကို နည်းစေပါတယ်။

ငှက်သိုက်နှင့် ကျောက်ကပ်ရောဂါ
တာရှည်စွာ ပျက်သွားတဲ့ ကျောက်ကပ်ရောဂါ (Chronic kidney disease)နဲ့ ငှက်သိုက် တည့်၊ မတည့် စမ်းသပ်ထားတာတော့ မတွေ့ရပါဘူး။ ငှက်သိုက်မှာ အသားဓာတ် အမိုင်နိုအက်ဆစ်တွေများလို့ မတည့်တာဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဒီရောဂါရှိသူတွေ မိမိကုသပေးတဲ့ ဆရာဝန်ရဲ့ ခွင့်ပြုချက်ကို ယူရပါမယ်။ ဒါပေမဲ့ ကျောက်ကပ်နဲ့ ပတ်သက်ပြီး စိတ်ဝင်စားစရာ စမ်းသပ်ချက်တစ်ခုကို ဖတ်ရှုလေ့လာမိပါတယ်။ Spetisemia လို့ ခေါ်တဲ့ သွေးထဲပိုးဝင်ပြီး ပိုးဆိပ်တက်ရင် အဖျားကြီးပြီး သွေးပေါင်ကျတတ်ပါတယ်။ အဲဒီအခါ ကျောက် ကပ်ပျက်စီးသွားတတ်ပါတယ်။ ဒါကို ထိရောက်တဲ့ ပိုးသတ်ဆေး အမြန်မပေးရင် သွေးပေါင်ပြန်တက်တဲ့ ဆေးကို စောစော မပေးခဲ့ရင် အသက်အန္တရာယ်ရှိ ပါတယ်။
သေဆုံးရတဲ့ အကြောင်းရင်းတွေထဲမှာ အချိန် တိုအတွင်း ကျောက်ကပ်ပျက်စီးတဲ့ ရောဂါ (Acute renewal failure ) က အရေးကြီးပါတယ်။ ဒါနဲ့ ပတ်သက်ပြီး Karger လို့ ခေါ်တဲ့ ဝက်ဘ်ဆိုက် (www.kargercom/Article )မှာ Kidney and Blood Pressure စာတမ်းတွေကို လေ့လာကြည့်လိုက်တဲ့ အခါမှာ တွေ့ရှိလာခဲ့တာကို ဆက်လက်ဖော်ပြလိုက် ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top