Healthy Life Ad
Health Tips

အရက်နာကျခြင်း ကင်းဝေးအောင် . . .

၊ ကိုထက် ၊

အရက်သောက်တဲ့သူတိုင်း အရက်နာကျနိုင်ခြေ ရှိပါတယ်။ ဒါပေမဲ့ တချို့လူတွေကတော့ တခြားသူ တွေထက် ပိုပြီး အရက်နာကျတဲ့ ဝေဒနာရနိုင်ခြေ ပိုများနေပါတယ်။ မျိုးဗီဇပြောင်းလဲခြင်းဟာ ခန္ဓာကိုယ်ကနေ အရက်ကို ချေဖျက်နိုင်စွမ်းအားနည်းစေတာကြောင့် အဲဒီလူတွေမှာ မျက်နှာနီရဲခြင်း၊ ချွေးထွက်များခြင်းနဲ့ ဖျားခြင်းစတဲ့ လက္ခဏာတွေကို အရက် နည်းနည်းပဲသောက်ရင်တောင် ခံစားရတတ်ပါတယ်။

အရက်နာကျခြင်းကို ပိုဖြစ်စေတဲ့၊ ဆိုးဆိုးရွားရွား ဖြစ်စေတဲ့ အချက်တွေတော့ ရှိပါတယ်။ အဲဒီအ ချက်တွေကတော့ –

– ဗိုက်ထဲ အစာလုံးဝမရှိဘဲ အရက်သောက်ခြင်း
ဗိုက်ထဲ အစာရှိနေရင် ခန္ဓာကိုယ်ရဲ့အရက်ကို စုပ်ယူနိုင်စွမ်းဟာ နှေးကွေးသွားပါတယ်။

– အရက်နှင့် ဆေးလိပ် တွဲသုံးစွဲခြင်း
ဆေးလိပ်နဲ့အရက်ကို တွဲသောက်တာကနောက် တစ်နေ့မှာအရက်နာကျနိုင်ခြေကို ပိုများစေပါတယ်။

– အရက်သောက်ပြီး အချိန်ကြာသည်အထိ မအိပ်ဘဲနေခြင်း သို့မဟုတ် ကောင်းကောင်းမအိပ်ခြင်း
အရက်နာကျတဲ့ တချို့လက္ခဏာတွေဟာ အိပ်ရေးပျက်တာကြောင့် ဖြစ်ရတယ်လို့ သုတေသန ပညာရှင်တချို့က ယုံကြည်နေကြပါတယ်။

– အရက်စွဲသည့် မျိုးရိုးရှိခြင်း
သင့်မျိုးရိုးထဲမှာ အရက်စွဲသူတွေရှိနေရင် သင့်အနေနဲ့လည်း အရက်စွဲနိုင်ခြေများပြီး အရက်နာကျ တတ်ပါတယ်။

– အရောင်ရင့်ရင့် အရက်သေစာကို သောက်သုံးခြင်း
အရောင်ရင့်တဲ့ အရက်တွေထဲမှာ ဓာတုပစ္စည်း တစ်မျိုးဖြစ်တဲ့ Congener ပါဝင်တာကြောင့် အရက်နာကျဝေဒနာကို ပိုဖြစ်စေနိုင်ပါတယ်။ ဒါပေမဲ့ အရောင်ဖျော့တဲ့ အရက်တွေကိုလည်း မသောက်ရရင် မနေနိုင်ပါက ကန့်သတ်ထားတဲ့ ပမာဏအတွင်းသာ သောက်သုံးသင့်ပါတယ်။

အရက်ကြောင့် ဖြစ်တတ်သော နောက်ဆက်တွဲ ပြဿနာများ

သင့်အနေနဲ့ မကြာခဏအရက်နာကျနေတတ် ရင် အောက်ပါပြဿနာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။

– မှတ်ဉာဏ်ပြဿနာဖြစ်ခြင်း၊

– အာရုံစူးစိုက်နိုင်စွမ်းမရှိခြင်း၊

– လက်တုန်ခြင်း၊

– အမြင်နဲ့ ဆင်ခြင်သုံးသပ်နိုင်စွမ်း လျော့နည်းခြင်း

ဒီလို ယာယီဆုံးရှုံးသွားတဲ့ အခြေအနေတွေ ကြောင့် သင့်အလုပ်ခွင်မှာ အောက်ပါတို့ အပါအဝင် အခက်အခဲမျိုးစုံကို ကြုံတွေ့ရနိုင်ပါတယ်။

– အလုပ်တာဝန်တွေပြီးမြောက်အောင် မစွမ်းဆောင် နိုင်တော့ပါဘူး။

– အထက်လူကြီးရဲ့ ပြစ်တင်ကြိမ်းမောင်းမှုကို ခံရ နိုင်ပါတယ်။

– လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပဋိပက္ခဖြစ်လာပါတယ်။

– လုပ်ငန်းခွင်မှာ မကြာခဏ အိပ်ပျော်နေတတ်ပါတယ်။

– လုပ်ငန်းခွင်မှာ အမှားအယွင်းတွေ တွေ့ရတာမျိုး၊ လုပ်ငန်းခွင်မှာ ထိခိုက်ဒဏ်ရာရတာမျိုးတွေ ဖြစ်လာ ပါတယ်။

အရက်နာကျခြင်းအတွက် အိမ်တွင်းကုထုံး
အချိန်ဆိုတာ အရက်နာကျခြင်းကို ကုသနိုင်တဲ့ တစ်ခုတည်းနဲ့ အသေချာဆုံး ဆေးဝါးတစ်လက်ပါ။ အရက်နာကျနေတဲ့ ဝေဒနာက မခံမရပ်နိုင်အောင် ဖြစ်နေရင် အောက်ပါ ကုသမှုတွေနဲ့ သင့်ဘာသာ သက်သာအောင် ကြိုးစားပါ။

– ရေပုလင်းထဲ ရေအပြည့်ဖြည့်ကာ သောက်ပါ
အရက်နာကျတဲ့အချိန်မှာ ရေဓာတ်ခမ်းခြောက်မှုက အဖြစ်များတာကြောင့် ရေသန့် ဒါမှမဟုတ် သစ်သီးဖျော်ရည်တွေကို သောက်ပေးပါ။ အရက်နာကျတဲ့ ဝေဒနာ သက်သာအောင်ဆိုပြီး အရက်ကို ထပ်သောက် တာမျိုးလုံးဝမလုပ်သင့်ပါ။ သင်ခံစားနေရတဲ့ဝေဒနာ ကို ပိုဆိုးသွားစေနိုင်ပါတယ်။

– သရေစာ စားပါ
ပေါင်မုန့်၊ ခရက်ကာမုန့်စတဲ့ သရေစာတွေကို စားပေးတာက သွေးတွင်းသကြားဓာတ်ကို ကောင်း မွန်စေပြီး အစာအိမ်ဝေဒနာကို သက်သာစေပါတယ်။ စွပ်ပြုတ်သောက်တာဟာလည်း ဆုံးရှုံးသွားတဲ့ပိုတက် စီယမ်နဲ့ဆားဓာတ်ကို ပြန်ဖြည့်ပေးနိုင်ပါတယ်။ ပျားရည်၊ သစ်သီးစတဲ့ အစာတွေပါဝင်တဲ့ အစားအသောက်တွေကို စားတာဟာ ခန္ဓာကိုယ်ကနေအယ်လ် ကိုဟောဓာတ်ကို မြန်မြန်ဖယ်ထုတ်ပေးနိုင်ပါတယ်။

– အကိုက်အခဲပျောက်ဆေး သောက်ပါ
အကိုက်အခဲပျောက်ဆေးကို ပမာဏ အနည်းငယ်သောက်တာဟာ ခေါင်းကိုက်တာကို သက်သာ စေနိုင်ပါတယ်။ အရက်နဲ့အတူ ပါရာစီတမောကို လုံးဝတွဲမသောက်သင့်ပါ။ တွဲသောက်ပါက အသည်းကို မြန်မြန်ထိခိုက်စေနိုင်ပါတယ်။

– အိပ်ရာထဲ လှဲနေပါ
အိပ်ရေးဝတာဟာ အရက်နာကျဝေဒနာကို မြန်မြန်သက်သာစေပါတယ်။

– အရက်နာကျခြင်း ကင်းဝေးစေရန်
အရက်နာကျတဲ့ ဝေဒနာ ကင်းဝေးအောင် အရက်ကိုမသောက်ဘဲ နေတာကတော့ အကောင်းဆုံး နဲ့အန္တရာယ်အကင်းဆုံးနည်းလမ်းပဲဖြစ်ပါတယ်။အရက်ကိုသောက်မယ်ဆိုရင်လည်း အသင့်အတင့်ပဲ သောက်ပါ။ အရက်သောက်တဲ့အခါမှာ အရက်နာကျ ဝေဒနာကင်းစေဖို့ အောက်ပါနည်းလမ်းတွေကို လိုက်နာပေးပါ။

– အစာကို အရင်စားပါ
ဗိုက်ထဲမှာ အစာလုံးဝမရှိရင် နွားနို့တစ်ခွက်ကို သောက်ပြီးမှ အရက်သောက်ပါ။ နွားနို့ဟာ အယ်လ်ကိုဟော စုပ်ယူမှု နှေးစေပါတယ်။

– ဖြည်းဖြည်းပဲ သောက်ပါ
အရက်သောက်တာက ပြိုင်ပွဲဝင်နေတာ မဟုတ် ပါဘူး။ အမြန်သောက်ရင် အသေစောရုံပဲ ရှိပါလိမ့် မယ်။ ဒါကြောင့် အရက်ကို ကန့်သတ်ချက်အတိုင်း ပြည့်မီအောင် နည်းနည်းပဲသောက်ပါ။

– ရေသောက်ပါ
အရက်တစ်ခွက်နဲ့ တစ်ခွက်ကြား ရေသောက်တဲ့အကျင့်ကို ဆောင်ရွက်ပေးပါ။ ရေသောက်တာဟာ အရက်ကို နည်းနည်းပဲ သောက်ဖြစ်စေပါလိမ့်မယ်။

– ကိုယ့်အတိုင်းအတာကို ကိုယ်သိပါ
သင်က အရက်ကိုတစ်ခွက်ထက် ပိုသောက်ရင် တောင် အရက်နာကျတတ်ပါက အရက်တစ်ခွက် ထက် ဘယ်တော့မှ ပိုမသောက်ပါနဲ့။

(Ref; mayoclinic)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top