Healthy Life Ad
Life Style

ကြက်ဖ မတွန်ပေမယ့်လည်း မိုးလင်းပါတယ် . . .(၂)

ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး)

နေမကောင်းသူတွေ ငှက်သိုက်သောက်ရင် နေကောင်းမြန်တယ်၊ နာလန်ထတာ ပိုမြန်တယ်ဆိုတဲ့ အ ယူအဆတွေနဲ့ နေမကောင်းဖြစ်တိုင်း ငှက်သိုက်သောက်နေကြတယ်။ ရောဂါချင်းတူပြီး ရောဂါကြီး တာချင်းလည်း တူတဲ့ သူတွေကို ငှက်သိုက်သောက်တဲ့ အုပ်စုနဲ့ မသောက်ဘဲ နေတဲ့ အုပ်စုခွဲပြီး လေ့လာကာ ဘယ်သူတွေ အသက်သေဆုံးမှုနှုန်း ပိုနည်းပြီး ကောင်းသွားကြသလဲဆိုပြီး နှိုင်းယှဉ်ထားတဲ့ သုတေ သနရှာလို့မတွေ့သေးပါဘူး။ ဒီလို တိတိကျကျ စစ်မှ သာ ခိုင်မာတဲ့ သာဓကတစ်ခုအနေနဲ့ ယူလို့ရမှာ ဖြစ် ပါတယ်။ သုတေသနတွေ ဘယ်လောက် ခိုင်မာသလဲ ဆိုတဲ့အပေါ် မူတည်ပြီး အဆင့်တွေ ခွဲခြားထားတာ ရှိပါတယ်။

Level 1 evidence ဆိုတာ လူများများနဲ့ နေရာအနှံ့မှာ ဘက်လိုက်မှုကင်းတဲ့ နည်းနဲ့ ဘယ်သူ့ကို ဘာဆေးပေးထားမှန်း မသိဘဲ (double blind) စမ်းသပ်ထားတဲ့ RCT (randomized controlled trail)မျိုးကို ဆိုလိုပါတယ်။ ဒီလို လေ့လာတာက အဆင့်အမြင့်ဆုံး၊ စိတ်အချရဆုံးသော အထောက်အထားပဲ ဖြစ်ပါတယ်။

Level 2 evidence တစ်ဆင့် ထပ်နိမ့်တာကတော့ controlled trail လို့ ခေါ်တဲ့ ဆေးမပေးသူ အုပ်စုနဲ့ ဆေးပေးထားသူအုပ်စုချင်းကွာခြားမှု သိသိသာသာ ရှိ၊ မရှိ စစ်ဆေးတာမျိုး ဖြစ်ပါတယ်။ ဓာတ်ခွဲခန်းမှာ လူတွေ ဒါမှမဟုတ် တိရစ္ဆာန်တွေနဲ့ စနစ်တကျ စမ်းထားတာမျိုးကို ဆိုလိုပါတယ်။

Level 3 evidence နောက်ထပ်တစ်ဆင့် နိမ့် တဲ့ စမ်းသပ်နည်းကတော့ Cross section study နဲ့ Observational study လို့ ခေါ်ပါတယ်။ အဲဒါက ဒီအတိုင်းလိုက်ကြည့်ပြီး ကောက်ချက်ချတာမျိုးကို ဆိုလိုပါတယ်။
Level 4 evidence အဆင့်အနိမ့်ဆုံး အထောက်အထားကတော့ မိမိအတွေ့အကြုံနဲ့ ပြောတာတွေပါပဲ။

ငှက်သိုက်ဟာ ကမ္ဘာပေါ်မှာ လူတွေစားသုံးတဲ့ တိရစ္ဆာန်ထွက် အစားအစာထဲမှာ ဈေးအကြီးဆုံး အစာတစ်ခုဖြစ် တယ်ဆိုရင် မမှားပါဘူး။ အာရှမှာ ငှက်သိုက် တစ်ကီလိုကို အမေရိကန်ဒေါ်လာ ၂၅၀ဝ ခန့်ကျသင့်တယ်လို့ သိရပါတယ်။

ဒီငှက်သိုက်နဲ့ ပတ်သက်ပြီး ရှိတဲ့ အထောက်အထားတွေ၊ သုတေသနတွေဟာ ဘယ်လောက် ခိုင်မာတဲ့ အဆင့်မှာရှိသလဲဆိုတာ လေ့လာသိရှိသမျှ ဆက်လက်တင်ပြပါမယ်။

Edible bird’s nest အစားလို့ရတဲ့ ငှက်သိုက် ဘယ်ကရသလဲ

ငှက်သိုက်ဟာ ပျံလွှားငှက်ငယ်တစ်မျိုး (swift lets) ရဲ့ အသိုက်လေးတွေပဲဖြစ်ပါတယ်။ ဒီငှက် လေးတွေထွေးထုတ်လိုက်တဲ့ တံတွေးရည်ကိုလေသလပ်ပြီး ခဲသွားစေတဲ့နည်းနဲ့ ပြုလုပ်ထားတဲ့ အသိုက် ဖြစ်ပါတယ်။

ငှက်သိုက်ကို မြင့်မားတဲ့ ကျောက်ဆောင်/ကျောက်ဂူတွေထဲမှာ ခက်ခက်ခဲခဲ ရှာဖွေရလို့ ပိုရှားပါးပြီး တန်ဖိုးပိုကြီးသွားစေပါတယ်။ အခုအခါ အသုံးများလို့ လိုအပ်ချက်ပြည့်မီအောင် ငှက်သိုက် များများ ရရှိနိုင်တဲ့ နည်းလမ်းတွေကို တီထွင်လာကြပါတယ်။ ပင်လယ်ကမ်းခြေရှိ မြို့တွေမှာ ဒီပျံလွှားငှက်တွေ ညအိပ်တန်းတက်ပြီး နားခိုရာ ငှက်တိုက် အိမ်ကြီးတွေ တည်ဆောက်ကာ ငှက်သံပေးတဲ့ ကက် ဆက်ခွေဖွင့်ထားတဲ့နည်းနဲ့ ငှက်သိုက်ကို စီးပွားဖြစ်ထုတ်လုပ်နေကြပါတယ်။

ငှက်သိုက်ကို ဘယ်သူတွေ ဘာအတွက် စားသုံးနေကြသလဲဆိုတော့ ငှက်သိုက်ကို ကမ္ဘာတစ်ဝှမ်းလုံးမှာ အာဟာရအဖြစ်သော်လည်းကောင်း၊ ဆေးအဖြစ်သော်လည်းကောင်း စားသုံးလျက် ရှိကြပါတယ်။ တ ရုတ်လူမျိုးတို့ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက အထူးတန်ဖိုးထားပြီး စားသုံးခဲ့ကြတာ ဖြစ်ပါတယ်။ ငှက်သိုက်ဟာ ကမ္ဘာပေါ်မှာ လူတွေစားသုံးတဲ့ တိရစ္ဆာန်ထွက် အစားအစာထဲမှာ ဈေးအကြီးဆုံး အစာတစ်ခု ဖြစ်တယ်ဆိုရင် မမှားပါဘူး။ အာရှမှာ ငှက်သိုက်တစ်ကီလိုကို အမေရိကန်ဒေါ်လာ ၂၅၀ဝ ခန့်ကျသင့်တယ်လို့ သိရပါတယ်။ ငှက်သိုက်ကို ရေစိမ်၊ ငှက်မွှေးတွေသန့်ရှင်းပြီး သကြားခဲနဲ့ပေါင်းပြီး စားသုံးကြပါတယ်။ ပျစ်ချွဲချွဲဂျယ်လီလို ဖြစ်သွားပါတယ်။ ဟင်းခတ်အမွှေးအကြိုင်တွေ၊ ဆီတွေနဲ့ ရောနှောပြီး မချက်ရပါဘူး။ ညအိပ်ချိန်မှာ ငှက်သိုက်ကို သီးသန့် စားသုံးရင် အကောင်းဆုံးလို့ ယုံကြည်ကြပါတယ်။ နေကောင်းတဲ့သူတွေလည်း စားကြပါတယ်။ ဒီလိုစား သုံးရင် ပိုပြီး ကျန်းမာလာစေတယ်လို့ ယုံကြည်ကြပါ တယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top