Healthy Life Ad
International

သံပရာမျိုးနွှယ်ဝင်အသီးများက ကျောက်ကြေစေကြောင်းတွေ့ရှိ

မိုးမင်းထွန်း

သဘာဝသံရာမျိုးနွှယ်ဝင်အသီး (ရှောက်၊ သံပရာ၊ လိမ္မော်၊ ဂရိတ်ဖရု)တွေက ကျောက်တွေကို ပျော်ဝင်စေနိုင်ကြောင်း တွေ့ရှိရတယ်လို့ သုတေသနအသစ်က ဆိုပါတယ်။

အသီးတွေမှာပါဝင်တဲ့ Hydroxycitrate (HCA) ဓာတ်ပေါင်းက ကျောက်တွေရဲ့ကြီးထွားမှုကို ရပ်တန့်စေသလို ပျော်ဝင်စေတာကိုလည်း တွေ့ရှိရပါတယ်။ေ ကျာက်ကပ်မှာရှိတဲ့ ကျောက်တွေဟာ သေးငယ်မာကျောကြပြီး အမျိုးသား ၁၂ ရာခိုင်နှုန်းနဲ့ အမျိုးသမီး ၇ ရာခိုင်နှုန်းခန့်မှာ ရှိနေကြပါတယ်။ ကယ်စီယမ်ဆားပုံဆောင်ခဲတွေအဖြစ် ဖွဲ့စည်းတဲ့ကျောက်တွေဟာ သွေးတိုးရောဂါ၊ ဆီးချိုရောဂါနဲ့ အဝလွန်သူတွေမှာ အတွေ့ရများပါတယ်။

သံပရာမျိုးဝင်အသီးတွေကို မြန်မာအပါအဝင် အရှေ့တောင်အာရှနိုင်ငံတွေမှာ ပေါပေါများများ တွေ့ရတတ်ပါတယ်။ဟောက်စတန်တက္ကသိုလ်မှပြုလုပ်တဲ့ သုတေသနအရ HCA ဓာတ်ပေါင်းက ကျောက်တွေကို ကျုံ့သွား၊ ပျက်စီးသွားစေတာကို တွေ့ရှိခဲ့ပါတယ်။
Ref; DM

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top