Healthy Life Ad
Q & A

သွေးဝမ်းသွားခြင်း . . .

မေး။ ။ အရင်တခါ ကျွန်တော်မေးခဲ့ဖူးပါတယ်။ ကျွန်တော့် သူငယ်ချင်းတစ်ယောက် ပထမတစ်ခါတုန်းက ၈လ ပိုင်းက ဆီးလမ်းကြောင်းမှာပိုးတွေ့လို့ ပဋိဇီဝပိုးသတ် ဆေးသောက်နေရပါတယ်။ အခုဆို ၂ပတ် လောက်ရှိ ခဲ့ပါပြီ။ ဝမ်းသွားတာ သွေးတွေချည်းပဲ သွားနေခဲ့ပါတယ်။ အဲဒီရောဂါဟာ ဘယ်လိုရောဂါအခြေအနေကို ဖြစ်ပေါ်စေတာပါလဲ။ ဆေးခန်းလည်း နေ့တိုင်းသွားပြီး နေတိုင်း ဆေးထိုးနေပေမယ့် သွေးဝမ်းက သွားနေဆဲပါပဲ။ သွေးဝမ်းတွေဆက်တိုက်သွားနေတာနဲ့ ပတ်သက်ပြီး ကျန်းမာရေးအခြေအနေဟာ ဘယ်လိုအခြေအနေထိ ဆိုးကျိုးတွေဖြစ်ပေါ်လာနိုင်ပါသလဲဆရာ။

ဟန်မင်းမောင် (FB)

ဒေါက်တာမြတ်ထွဋ်ညွန့် ဖြေကြားသည်။

ဖြေ။ ။ သွေးဝမ်းသွားခြင်းလို့ စာအရ ယူဆပါတယ်။ အကြောင်းရင်းများစွာ ရှိတဲ့အနက် အရောင်က အနီရဲရဲ ဖြစ်ရင် စအိုနဲ့ အစာဟောင်းအိမ်မှာ ဖြစ်တဲ့ရောဂါတွေ ဥပမာ- လိပ်ခေါင်း၊ စအိုကွဲတာတွေကြောင့် ဖြစ်နိုင်ပါတယ်။ အစာအိမ်၊ အူသိမ်ပိုင်းမှာဖြစ်တဲ့ရောဂါတွေ ဥပမာ- အစာအိမ်သွေးကြောပေါက်တာမျိုး ဆိုရင်တော့ အရောင်ညိုညိုမည်းမည်းတွေ သွားပါတယ်။ ဖြစ်ခဲပေမယ့် ကင်ဆာအသွင်ဆောင်တဲ့ အ ဖုအကျိတ်တွေကြောင့်လည်း သွေးဝမ်းသွားနိုင်ပါတယ်။ ဖြစ်ပွားရတဲ့ အကြောင်းရင်းကို သေသေချာချာ စစ်ဆေးရပါမယ်။ ဆေးထိုး၊ ဆေးသောက်ရုံနဲ့ မပျောက်ပါ။ ရောဂါကို သိအောင် စစ်ဆေးရပါမယ်။ နီးစပ်ရာ ဆေးရုံမှာ ပြသကြည့်ပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top