Healthy Life Ad
Q & A

ဂေါက်အဆစ်ရောင်ရောဂါအတွက် အိမ်တွင်းကုထုံး

မေး. ဂေါက်အဆစ်ရောင်ရောဂါ ရှိသူတွေအနေနဲ့ အိမ်မှာလုပ်သင့်တဲ့ နည်းလမ်းတွေရှိရင်ပြောပြပေးပါ။
ဦးသံခဲ၊ တာမွေ။

ပါမောက္ခဦးနေဝင်း (အရိုးအထူးကုဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ. ဂေါက်အဆစ်ရောင်ရောဂါ (Gouty Arthritis) ရှိသူတွေအနေနဲ့ အိမ်မှာလုပ်သင့်တဲ့ နည်းလမ်းတွေကတော့-

– အနားပေးပါ။ ရောင်တဲ့ခြေထောက်ကို မြှောက်ထားပြီး အနားပေးသင့်ပါတယ်။ ဂေါက်ရောဂါကြောင့် အဆစ်ရောင်တာ၊ နီတာ၊ ပူတာတွေဖြစ်လို့ ရေခဲအုပ်ရင် တစ်ခါတလေ ပိုဆိုးတတ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ယူရစ်အက်စစ်က အေးတဲ့အဆစ်တွေမှာ ပုံဆောင်ခဲဖြစ်ပြီး အနည်ပိုကျနိုင်လို့ပါ။ ဒါကြောင့် ဂေါက်အဆစ်ရောင်တာကို ရေခဲမအုပ်စေချင်ပါဘူး။

– ကိုက်ခဲနေတဲ့အတွက် အက်စပရင် သောက်တာကိုရှောင်ပါ။ အက်စပရင်ဟာ ကျောက်ကပ်က ယူရစ်အက်စစ်စွန့်ထုတ်တာကို ဟန့်တားတတ်တဲ့အတွက် ပိုဆိုးစေနိုင်လို့ပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top