Healthy Life Ad
Health Tips

ဘယ်သောအခါမှ ခြေချိတ်မထိုင်သင့်

ထိုင်တဲ့အခါ ခြေထောက်ချိတ်ထိုင်တာက အလွန်အတွေ့ရများတဲ့ ကိုယ်နေဟန်တစ်ခုပါ။ အဲဒီအနေအထားက ဆွဲဆောင်မှုရှိပြီး မိန်းမဆန်ပါတယ်။ ဒါပေမဲ့ ခြေချိတ်ထိုင်တာက ခန္ဓာကိုယ်နဲ့ ကျန်းမာရေးအတွက် နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်စေနိုင်ပါတယ်။

– သွေးလှည့်ပတ်မှုဆိုင်ရာ ထိခိုက်မှုများဖြစ်စေနိုင်

နာရီနဲ့ချီပြီး ခြေချိတ်ထိုင်တာကြောင့် ခြေသလုံးမှာ ဖိအားဖြစ်ပေါ်ပြီး နောက်ဆက်တွဲအနေနဲ့ သွေးလှည့်ပတ်မှုဆိုင်ရာ ထိခိုက်မှုတွေ ဖြစ်စေနိုင်ပါတယ်။ ခြေချိတ်ထိုင်တာကြာတဲ့အခါ သွေးတိုးစေနိုင်တယ်လို့လည်း တချို့ကဆိုပါတယ်။

– ခြေသလုံး သွေးကြောထုံးခြင်း ဖြစ်စေနိုင်

ခြေချိတ်ထိုင်တဲ့ အလေ့အထ ကြာလာလေလေ ခြေသလုံးသွေးကြောထုံးတဲ့အန္တရာယ် မြင့်တက်လာလေလေဖြစ်ပါတယ်။ မကြာခဏ ခြေချိတ်ထိုင်တာကြောင့် သွေးပြန်ကြောရောင်ရမ်းမှု ဖြစ်လာတတ်ပါတယ်။

– တင်ပဆုံကွင်း ဟန်ချက်မညီမှု ဖြစ်စေနိုင်

ကြာရှည်ခြေချိတ်ထိုင်တာကြောင့် ပေါင်အတွင်းသားက ကြွက်သားတွေ ပိုတိုလာပြီး အပြင်ပေါင်ကြွက်သားတွေ ပိုရှည်လာပါတယ်။ အဆစ်တွေလည်း ထိခိုက်လာပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top