Healthy Life Ad
Health Tips

တီဗီကြည့်ချိန်များလွန်းခြင်းက သင့်ကျန်းမာရေးကို ထိခိုက်စေနိုင်

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

တီဗီကြည့်တဲ့အခါ ထိုင်ချိန်များသွားပြီး လှုပ်ရှားမှုနည်းသွားပါတယ်။ နောက်တစ်ချက်က တီဗီကြည့်ရင်း အဆာပြေ သရေစာအဖြစ် အာလူးချောင်းကြော်၊ ခေါက်ဆွဲခြောက်ထုပ်စတာတွေ စားလေ့ရှိတဲ့အတွက် ကျန်းမာရေးကို နှစ်ထပ်ကွမ်းထိခိုက်ရတာဖြစ်ပါတယ်။

– တီဗီကြည့်ချိန်တစ်နာရီကြာတိုင်း ဘဝသက်တမ်းကို ၂၂မိနစ်ခန့် လျော့ကျစေနိုင်

အသက် ၂၅နှစ်နဲ့အထက်ရှိ သြစတေးလျလူမျိုး တစ်သောင်းတစ်ထောင်ရဲ့ တီဗီကြည့်တဲ့အလေ့အထကို လေ့လာခဲ့ပါတယ်။ လေ့လာမှုအရ တီဗီကြည့်ချိန် တစ်နာရီရှိလေလေ ဘဝသက်တမ်းက ၂၁ ဒသမ ၈မိနစ်လောက် လျော့ကျလေလေလို့ဆိုထားပါတယ်။ ဒါကြောင့် တီဗီကြည့်ချိန်ကို တတ်နိုင်သမျှလျှော့ချပြီး ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း လုပ်သင့်ပါတယ်။

– တီဗီကြည့်တာက ပြဿနာလား၊ ဒါမှမဟုတ် တီဗီကို ဘယ်လိုကြည့်ကြသလဲဆိုတာက ပြဿနာလား

ကျွန်မတို့ တီဗီကြည့်ကြတဲ့အခါ အများစုကထိုင်ရင်း ဒါမှမဟုတ် လဲလျောင်းရင်း ကြည့်ကြတဲ့အတွက် ခန္ဓာကိုယ်က အကြာကြီးအနားရနေပါတယ်။ တစ်ခါတစ်ရံ တီဗီကြည့်ရင်း ကျန်းမာရေးနဲ့ မညီညွတ်တဲ့သရေစာ စားတာတွေကိုပါ လုပ်မိတတ်ပါတယ်။ ဒီလိုပုံစံတွေနဲ့ တီဗီကြည့်တာက ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့အတွက် တီဗီကြည့်တဲ့အခါ လှုပ်ရှားမှုရှိအောင်လုပ်ပေးဖို့နဲ့ အာဟာရတန်ဖိုးမရှိတဲ့ သရေစာတွေကို ရှောင်ဖို့လိုပါတယ်။

– တီဗီကို အလွန်အမင်းကြည့်ခြင်းကြောင့် ဘဝသက်တမ်းကို သိသိသာသာလျော့ကျစေနိုင်

လေ့လာမှုအရ တစ်နေ့မှာ အချိန်ခြောက်နာရီနဲ့အထက် တီဗီကြည့်တာက ဘဝသက်တမ်းကို ၄ ဒသမ ၈ ရာခိုင်နှုန်း လျော့ကျစေတယ်လို့ သိရပါတယ်။ ဆေးလိပ်တစ်လိပ်သောက်တိုင်း လူတစ်ဦးရဲ့သက်တမ်းကို ၁၁မိနစ်လျော့ကျစေတယ်လို့ လေ့လာမှုတွေကဆိုထားတာကြောင့် တီဗီကိုအလွန်အမင်းကြည့်တာကလည်း အန္တရာယ်ရှိတဲ့ အပြုအမူတစ်ရပ် ဖြစ်နေပါတယ်။

– တီဗီကြည့်ချိန် နာရီဝက်ကြာတိုင်း လမ်းလျှောက်ပါ

အချိန်အကြာကြီးထိုင်ပြီး တီဗီကြည့်တာက ကျန်းမာရေးအတွက် မသင့်တော်တာမှန်ပါတယ်။ ဒါကြောင့် အကြိုက်ဆုံး တီဗီအစီအစဉ်တွေကိုပဲ ရွေးကြည့်ဖို့နဲ့ တီဗီကြည့်တဲ့အခါ နာရီဝက်ကြာတိုင်း ကိုယ်လက်လှုပ်ရှားမှု လုပ်ပေးဖို့လိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top