Healthy Life Ad
Life Style

အသက် ၃၀ကျော်အရွယ်သာ ထင်ရသည့် နုပျိုနေဆဲ ဟောလိဝုဒ်ကြယ်ပွင့်များ

၊ ငွေကြယ်စင်ယံ ၊

ကျော်ကြားတဲ့ ဟောလိဝုဒ်သရုပ်ဆောင်တွေဟာ ရုပ်ရှင်တွေထဲမှာသာမက ကော်ဇောနီပေါ်မှာလည်း ကြည့်ကောင်းကြပါတယ်။ ဒါတင်မကဘဲ သူတို့ရဲ့ နေ့စဉ်ဘဝမှာလည်း အသက် ၄၀-၅၀ အရွယ်လို့ မထင်ရဘဲ ၃၀ ကျော်အရွယ်လောက်ပဲထင်ရပါတယ်။ သူတို့ နုပျိုရတဲ့ လျှို့ဝှက်ချက်ကို ကြည့်ရအောင်။


၄၉နှစ်အရွယ် ဟယ်လီဘယ်ရီ ဘာကြောင့် နုပျိုရသလဲ . . .

– တစ်ညရှစ်နာရီ အိပ်စက်တယ်၊
– မနက်တိုင်း သစ်သီးဖျော်ရည် တစ်ဖန်ခွက်သောက်တယ်၊
– အဆင်သင့်အစာ မစားဘူး၊ သကြား လုံးဝမစားဘူး၊
– တစ်နေ့ ၄၅ မိနစ် လေ့ကျင့်ခန်းလုပ်တယ်။


၄၇ နှစ်အရွယ် ဟူးဂျက်မန်း ဘာကြောင့် နုပျိုရသလဲ . . .

– ပရိုတင်းပမာဏများများ စားတယ်၊
– နေကာခရင်မ်လိမ်းတယ်၊
– လက်ဝှေ့ထိုးတယ်၊
– ပြေးတယ်၊
– ပင်လယ်ထဲမှာ ရေကူးတယ်။


၅၁ နှစ်အရွယ် ကိနူးရိဗ် ဘာကြောင့် နုပျိုရသလဲ . . .

– အလေးမလေ့ကျင့်ခန်းလုပ်တယ်၊
– အသားထက် ဟင်းသီးဟင်းရွက်ကို ပိုစားတယ်၊
– ရွက်လှေ လှော်တယ်၊
– မြင်းစီးတယ်။


၅၁ နှစ်အရွယ် ဆန်ဒရာဘူးလော့ ဘာကြောင့် နုပျိုရသလဲ . . .

– တစ်နေ့နှစ်ကြိမ် ထမင်းစားတယ်၊ ဟင်းသီးဟင်းရွက်များများစားတယ်၊ သစ်သီးဖျော်ရည်သောက်တယ်။
– ဗီတာမင်စီနဲ့ ဟင်းနုနယ်ရွက်နဲ့ ပြုလုပ်ထားတဲ့ မျက်နှာလိမ်း ခရင်မ်လိမ်းတယ်။
– လက်ဝှေ့ထိုးတယ်၊
– ခပ်သွက်သွက်ပြေးတယ်။


၅၅ နှစ်အရွယ် ဂျော့ကလူးနီ ဘာကြောင့် နုပျိုရသလဲ . . .

– ကယ်လိုရီနည်းတဲ့ အစာကို စားတယ်၊ တစ်နေ့မှာ အစာနည်းနည်းနဲ့ သုံးကြိမ်စားတယ်၊
– အရက်မသောက်ဘူး၊
– ယောဂကျင့်တယ်။


၄၈ နှစ်အရွယ် ဂျူလီယာရောဘတ် ဘာကြောင့် နုပျိုရသလဲ . . .

– မနက်စာကို များများစားတယ်၊ နေ့လယ်စာကို အသင့်အတင့်စားတယ်၊ ညစာ နည်းနည်းပဲစားတယ်၊
– စတော်ဘယ်ရီသီးသုံးပြီး သွားကြေးချွတ်သန့်စင်တယ်၊
– စကိတ်စီးတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top