Healthy Life Ad
Health Tips

ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အသီး . . .

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကုဆရာဝန်ကြီး)
မေး ။ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အသီးရှိရင် သိချင်လို့ပါ။
ကောင်းကောင်း၊ မှော်ဘီ။

ဖြေ။ ။ အသီးအများစုကတော့ ကျန်းမာရေးနဲ့ ညီညွတ်ပါတယ်။ များများစားသင့်တာနဲ့ နည်းနည်း စားသင့်တာ လောက်ပဲ ကွာခြားမှု ရှိပါတယ်။ ဒါပေမဲ့ ခြွင်းချက်အနေနဲ့ တညင်းသီးဆိုရင်တော့ ကျန်းမာရေးနဲ့ သိပ်မညီညွတ်ပါဘူး။ ဒါပေမဲ့ လူတွေက ကြိုက်ကြတယ်၊ စားကြတယ်၊ မတည့်ရင် ကျောက်ကပ်ကို ထိခိုက်စေနိုင်လို့ ဆင်ခြင်သင့်ပါတယ်။

နောက်တစ်ခုက ဒူးရင်းသီးဆိုရင် များများစားလိုက်ရင် ကယ်လိုရီအများကြီးရသွားတယ်၊ အဝလွန်နေရင်၊ ကိုယ်အလေးချိန် ထိန်းနေရင်တော့ ဒူးရင်း သီးကို များများ မစားသင့်ပါဘူး။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top