Healthy Life Ad
Life Style

ကမ္ဘာ့အလှဆုံးခန္ဓာကိုယ်ပိုင်ရှင် ဂျက်ဆီကာအယ်လ်ဗာ၏ လေ့ကျင့်နည်း

၊ လရိပ်မေ ၊

ကမ္ဘာ့အလှဆုံး ခန္ဓာကိုယ်ပိုင်ရှင်တွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်တဲ့ ဂျက်ဆီကာ အယ်လ်ဗာဟာ အရည်အချင်းပြည့်ဝတဲ့ မင်းသမီးဖြစ်ပြီး ချစ်စရာကောင်းတဲ့ အမျိုးသမီးလည်း ဖြစ်ပါတယ်။ သမီးနှစ်ဦးရဲ့ မိခင်ဖြစ်တဲ့ဂျက်ဆီကာဟာ သူ့ခန္ဓာကိုယ် သွယ်လျအပြစ်ကင်းနေအောင် ထိန်းသိမ်းနိုင်သူဖြစ်ပါတယ်။ ဂျက်ဆီကာရဲ့ နည်းပြဖြစ်သူက ဂျက်ဆီကာပြုလုပ် လေ့ရှိတဲ့ လေ့ကျင့်နည်းတွေကို အခုလို ပြန်လည်မျှဝေပေးခဲ့ပါတယ် . . .

လှုပ်ရှားမှု (၁) ဖနောင့်ထောက်လေ့ကျင့်နည်း

ဘယ်လိုလုပ်ဆောင်သလဲ

ဖျာတစ်ချပ်ပေါ် ပက်လက်လှန်လှဲလျောင်းပါ။ ခြေထောက်တွေကို ဒူးဆီသို့ကွေးရင်းမြှင့်လိုက်ပါ။ အသက်ရှူထုတ်ပြီး ခြေထောက်တစ်ချောင်းကို ပြန်နှိမ့်ပါ။ ခြေဖနောင့်က ကြမ်းပြင်နဲ့ထိတဲ့အထိ နှိမ့်လိုက်ပါ။ အသက်ရှူသွင်းပြီး မူလပုံစံကို ခြေထောက်နှစ်ချောင်းကို ပြန်မြှင့်လိုက်ပါဦး။ တခြားခြေထောက်တစ်ချောင်းကို ပြန်နှိမ့်ပါ။ ဒီလေ့ကျင့် ခန်းကိုတစ်မိနစ်ကြာပြုလုပ်ပါ။

ကျန်းမာရေးကောင်းကျိုး – ပေါင်ကြွက်သားတွေ သန်စွမ်းလာပါလိမ့်မယ်။ ဝမ်းဗိုက်ကို တင်းရင်းစေပါတယ်။

လှုပ်ရှားမှု (၂) တံတားပုံစံလေ့ကျင့်နည်း

ဘယ်လိုလုပ်ဆောင်သလဲ

ပက်လက်လှန်လှဲလျောင်းပြီး ဒူးတွေကိုကွေးကာ တင်ပါးအကျယ်အတိုင်း ခြေထောက်နှစ်ချောင်းကို ချဲထားပါ။ ခါးအောက်ပိုင်းနဲ့တင်ပါးကို ကြမ်းပြင်ကနေ အထက်ကို နည်းနည်းမြှင့်ပြီး အသက်ရှူထုတ်ပါ။ တင်ပါးမြှင့်နေစဉ် တင်ပါးကြွက်သားတွေကျုံ့သွားတာကို အာရုံစိုက်ပါ။ တစ်စက္ကန့်လောက်နေပြီး ခန္ဓာကိုယ်ကိုပုံမှန်အတိုင်း ပြန်နေပါ။ ဒီလေ့ကျင့်ခန်းကို တစ်မိနစ်လောက်ထပ်မံကျင့်ပါ။

ကျန်းမာရေးကောင်းကျိုး- ဒီလေ့ကျင့်ခန်းက တင်ပါးနဲ့ပေါင်တွေကို သန်စွမ်းတင်းရင်းစေပါတယ်။

လှုပ်ရှားမှု (၃) ဒူးမြှင့်လေ့ကျင့်ခန်း

ဘယ်လိုလုပ်ဆောင်သလဲ

ဘေးစောင်းလှဲပြီး ဒူးတွေကို အနည်းငယ်ကွေးထားပါ။ အပေါ်ကဒူးကိုမြှင့်ပေးပါ၊ တင်ပါးကိုမရွှေ့ပါနဲ့။ ဒူးကအမြင့်ဆုံးအနေ အထားရောက်ချိန်မှာ မျက်နှာကြက်ကို တည့်တည့်ဦးတည်နေပါလိမ့်မယ်။ ပြီးရင် ဒူးကိုပြန်ချပြီး နောက်တစ်ဖက်ပြောင်းလုပ်ပါ။

ကျန်းမာရေးကောင်းကျိုး – ပေါင်အတွင်းသား ကြွက်သားတွေကိုသန်စွမ်းစေပြီး ဝမ်းဗိုက်ချပ်ရပ်ကာ ခါးတွေကို ဖြောင့်တန်းစေပါတယ်။

သတိပြုရန်

ဂျက်ဆီကာအယ်လ်ဗာက ဒီလေ့ကျင့်ခန်းတွေ ပြုလုပ်ရုံသာမက ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေကိုလည်း စားသုံးပါတယ်။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top