Healthy Life Ad
Health Tips

အလုပ်မလုပ်မီ မှတ်ဉာဏ်စွမ်းအားကောင်းစေမည့် လက်တွေ့ကျသော နည်းလမ်း ခြောက်သွယ်

၊ ကိုမိုး ၊

ကျွန်တော်တို့အားလုံးလိုလိုဟာ နေ့စဉ်နေ့တိုင်း ကိုယ်ရေးကိုယ်တာကိစ္စ၊ အလုပ်ကိစ္စတွေမှာ စိန်ခေါ်မှုတွေကို သိသိသာသာ ရင်ဆိုင်နေရတာပါ။ ဘဝရဲ့ နယ်ပယ်အားလုံးမှာ အောင်မြင်ဖို့ဆိုရင် ခွန်အားရှိဖို့ နဲ့ အကောင်းမြင်တတ်ဖို့လည်း လိုသလို မှတ်Óဏ် စွမ်းအား ကောင်းမွန်ဖို့လည်း လိုအပ်ပါတယ်။

(၁) စာဖတ်ပါ
စာအုပ်၊ သတင်းစာ၊အွန်လိုင်းဆောင်းပါး စတာတွေကို ဖတ်တာက မှတ်ဉာဏ်ကောင်းစေတဲ့ နည်းတွေပါ။ ဦးနှောက်ကို သတင်းအချက်အလက်အသစ်တွေနဲ့ ထိတွေ့စေတာကြောင့် စိတ်ရောကိုယ်ပါ ကျန်းမာစေပါတယ်။ မနက်ခင်းမှာ စာဖတ်တာက စိတ်အေးချမ်းပြီး အလုပ်လုပ်တဲ့အခါ အာရုံစိုက်နိုင် စွမ်းမြင့်မားလာပါလိမ့်မယ်။

(၂) တရားထိုင်ပါ
တရားထိုင်တာကြောင့် အာရုံစူးစိုက်မှု၊ စိတ်ပါဝင်စားမှုကို ကောင်းမွန်စေပြီး ပူပင်သောကနဲ့ စိတ် ဓာတ်ကျဝေဒနာတို့ကို လျော့ပါးစေပါတယ်။ တရားထိုင်တဲ့အခါ ဦးနှောက်ရဲ့ ကြောက်ရွံ့စိုးရိမ်မှုနဲ့ဆိုင် တဲ့ အပိုင်းတွေကို ချိုးနှိမ်ရာရောက်သွားပါတယ်။ သ တင်းအချက်အလက်တွေကိုလည်း မှန်မှန်ကန်ကန်နဲ့ မြန်မြန်ဆန်ဆန်မှတ်သားသိုလှောင်သွားနိုင်ပါတယ်။

(၃) တေးသီချင်း နားဆင်ပါ
ညင်သာတဲ့ တေးသီချင်း နားဆင်တာကြောင့် ဦးနှောက်ကို ကျန်းမာစေပြီး အလုပ်တွင်စေပါတယ်။

(၄) လေ့ကျင့်ခန်း လုပ်ပါ
လေ့ကျင့်ခန်းလုပ်တာကြောင့် စိတ်ရော ကိုယ် ပါကျန်းမာစေပါတယ်။ အလုပ်မလုပ်ခင် လေ့ကျင့်ခန်း အနည်းငယ် လုပ်လိုက်ရင် ဦးနှောက်ကို အားကောင်း စေပါတယ်။ လေ့ကျင့်ခန်းလုပ်တာက စိတ်ကျကုသ ဆေးသောက်လိုက်သလို အာနိသင်ရရှိစေပါတယ်။ အကြောင်းကတော့ လေ့ကျင့်ခန်းလုပ်ရင် ဦးနှောက် ထဲကို အောက်ဆီဂျင်နဲ့ သွေးရောက်ရှိမှုတိုးစေတဲ့ အတွက် ဆုံးဖြတ်ချက်ချမှတ်ခြင်း၊ မှတ်သားခြင်းနဲ့ ဝေဖန်ဆန်းစစ်ခြင်းတွေမှာ ပိုမိုကောင်းမွန်စေလို့ပါ။

(၅) အိပ်ရေးဝ၀ အိပ်ပါ
အိပ်ရေးဝ၀ အိပ်တာကြောင့် အပြုအမူနဲ့ လေ့ လာမှုကို ထိန်းချုပ်နိုင်စွမ်း အားကောင်းသွားပါတယ်။ အိပ်ရေးပျက်ရင် ကားမောင်းတာကအစ အဆင်မ ပြေတော့ပါဘူး။ အိပ်ရေးဝ၀ အိပ်ပြီး နောက်တစ်နေ့ အလုပ်လုပ်တဲ့အခါ ဦးနှောက်ရဲ့ စွမ်းဆောင်နိုင်စွမ်း က ကြည်လင်ပြတ်သားနေပါတယ်။

(၆) ကျေးဇူးတင်ပါ
ကျေးဇူးတင်ထိုက်သူတွေကို ကျေးဇူးတင်တာ ကြောင့် ဦးနှောက်ကပိုပြီး ကောင်းကောင်း အလုပ်လုပ်ဖြစ်ကာ စိတ်ခံစားမှုကို ပိုကောင်းမွန်သွားစေပါ တယ်။ တခြားသူကိုလည်း ပိုမို ကူညီဖြစ်သွားကာ အလုပ်ထဲမှာ ပိုအဆင်ပြေလာပါလိမ့်မယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top