Healthy Life Ad
Life Style

မှတ်ဉာဏ်ကောင်းစေမည့် ဦးနှောက်လေ့ကျင့်ခန်း (၁၀) ခု

———၊ လရိပ်မေ ၊———

အိမ်ကထွက်ပြီး တံခါးကို ပိတ်လိုက်ကာမှ ဖုန်းကျန်ခဲ့ပြီဆိုတာကို ရုတ်တရက် သတိရသွားတတ်ပါသလား။ ဒါက အတော်လေး စိတ်အနှောင့်အယှက်ဖြစ်စရာ ခံစားချက်တစ်ခုပါ။ စိတ်ထဲမှာ မသေမချာဖြစ်တာနဲ့ သတိလက်လွတ်ဖြစ်တာတွေက အိုမင်းတဲ့ ပုံမှန်ဖြစ်စဉ်တစ်ရပ် မဟုတ်ပါဘူး။ သင်က မေ့တတ်လာတယ်လို့ သတိပြုမိတယ်ဆိုရင် ဦးနှောက်ကို နိုးကြားအောင်လုပ်ဖို့ အချိန်ကျပါပြီ။ မှတ်ဉာဏ်ကောင်းစေဖို့ ရိုးစင်းတဲ့ နည်းလမ်း ၁၀ ကို လုပ်ဆောင်ပေးရပါမယ်။

alignnone size-medium wp-image-61899
(၁) နေ့စဉ်လုပ်ဆောင်မှုများကို ဘက်ပြောင်းပြီးလုပ်ခြင်း

ပုံမှန်အားဖြင့် လူတိုင်းမှာ အားသန်တဲ့ လက်ဆိုတာရှိပြီး အချိန်အများစုမှာ အဲဒီလက်ကိုပဲ သုံးကြပါတယ်။ ဒါပေမဲ့ တစ်ခါတစ်ရံ လက်ကို ဘက်ပြောင်းပြီး လုပ်ဖို့ကြိုးစားကြည့်ပါ။ မသန်တဲ့လက်ကိုသုံးပြီး အလုပ်လုပ်တာက ဦးနှောက်ထဲက ဆက်သွယ်ချက်တွေကို ပိုသန်စွမ်းစေပါတယ်။ သွားတိုက်တဲ့အခါ၊ ပန်းကန်ဆေးတဲ့အခါ၊ စာရေးတဲ့အခါ၊ သန့်ရှင်းရေးလုပ်တဲ့အခါ၊ ရေလောင်းတဲ့အခါ မသန်တဲ့လက်နဲ့ လုပ်ကြည့်ပါ၊ ဦးနှောက်ကို ထိရောက်တဲ့နည်းနဲ့ အလုပ်လုပ်ဖြစ်စေပါတယ်။

alignnone size-medium wp-image-61900
(၂) ကျယ်လောင်စွာ စာဖတ်ပါ

စာကို အသံကျယ်ကျယ်ထွက်ပြီး ဖတ်တာက မှတ်ဉာဏ်ကောင်းစေနိုင်ပါတယ်။ ကိုယ့်တိုင်ကြားနိုင်ရုံ စာဖတ်တာက ဦးနှောက်ထဲကို သတင်းအချက်အလက်တွေ သိုလှောင်နိုင်အောင် ကူညီပေးပါတယ်။

alignnone size-medium wp-image-61901
(၃) တူကိုင်ပြီး အစာစားပါ

လက်ချောင်းထိပ်ရှိ အာရုံကြောဆဲလ်တွေနဲ့ ထိတွေ့တာကြောင့် ဦးနှောက်ကို လှုံ့ဆော်ပေးပါတယ်။ တူကိုင်တာလို လက်ချောင်းထိပ်ထိတွေ့တဲ့ လှုပ်ရှားမှုက သွေးလှည့်ပတ်မှုကောင်းစေတဲ့နည်းနဲ့ ဦးနှောက်ကို ကူညီပေးပါတယ်။ ဒါ့အပြင် အစာကို ဖြည်းဖြည်းချင်းကြေညက်အောင် ဝါးစားတာက အစာကြေစေပြီး ကယ်လိုရီပမာဏကို ထိန်းချုပ်ပေးနိုင်ပါတယ်။

alignnone size-medium wp-image-61902
(၄) အိပ်ရာနိုးချိန်မှာ ဗနီလာနံ့ရှူပါ

လူအများစုက မနက်ခင်းမှာ အိပ်ရာနိုးလာပြီး လန်းဆန်းစေတဲ့ ကော်ဖီသောက်ကြပါတယ်။ မနက်ခင်းအမူအကျင့်တွေကို ပြောင်းလဲကြည့်ရင်လည်း ဦးနှောက်ကို လှုံ့ဆော်ပေးပါတယ်။ ဗနီလာရနံ့ ဒါမှမဟုတ် နှင်းဆီပန်းရနံ့ရှူပေးပါ။ တစ်ပတ်လောက် သင်အနှစ်သက်ဆုံး ပန်းနံ့ရှူပေးတာက ဦးနှောက်ရဲ့အာရုံကြောလမ်းကြောင်းအသစ်တွေကို လှုံ့ဆော်ပေးရာ ရောက်ပါတယ်။

alignnone size-medium wp-image-61903
(၅) နေ့လယ်ခင်းမှာ နားကြပ်တပ်ပါ

ချစ်တဲ့သူတွေနဲ့အတူ မနက်စာစားတဲ့အခါ နားထဲဂွမ်းဆို့ပြီး စကားမပြောဘဲ တိတ်တဆိတ်စားကြည့်ပါ။ ဒါပေမဲ့ ဒီလိုလုပ်ထားကြောင်း မနက်စာအတူစားသူတွေကို ပြောပြထားပေါ့။ ဦးနှောက်မှာ ဘာကိုမျှော်လင့်ရမယ်ဆိုတဲ့ စိတ်ကူးကောင်း ဖြစ်ပေါ်စေပါတယ်။

alignnone size-medium wp-image-61904
(၆) လက်သီးဆုပ်ထားပါ

ညာဘက်လက်ကို စက္ကန့် ၉၀ ခန့် ဆုပ်ထားတာက မှတ်သားနိုင်စွမ်းကို ကောင်းမွန်စေပါတယ်။ ဘယ်ဘက်လက်သီးဆုပ်ပေးတာက အရင်ကအကြောင်းတွေ ပြန်မှတ်မိနိုင်စွမ်း တိုးစေပါတယ်။ အသက် ၅၀ အရွယ်တွေမှာ လက်သီးဆုပ်တဲ့ အပြုအမူလုပ်တာကြောင့် စာရင်းရှည်ထဲက စကားလုံးတွေကို မှတ်မိနိုင်စွမ်း ပိုကောင်းစေပါတယ်။

alignnone size-medium wp-image-61905
(၇) သင့်နှလုံးခုန်နှုန်းကို တစ်ပတ်မှာ သုံးကြိမ်မြန်အောင် လုပ်ဆောင်ပါ

တစ်ပတ်မှာ သုံးကြိမ်ခန့်၊ တစ်ကြိမ်မှာ မိနစ် ၂၀ ကြာ နှလုံးခုန်နှုန်းကို မြန်အောင်လုပ်ပေးပါ။ စက်ဘီးစီးပြီး နှလုံးခုန်နှုန်းကို စစ်ဆေးကြည့်ပါ။ ဦးနှောက်က အောက်ဆီဂျင်ရောက်ရှိမှု ကောင်းစေပြီး ဆဲလ်သစ်တွေကို တိုးပွားစေပါတယ်။ ရုပ်နဲ့ စိတ်ကျန်းမာရေးကိုလည်း ကောင်းမွန်စေပါတယ်။

alignnone size-medium wp-image-61906
(၈) စကားလုံးပုံများ၊ ပဟေဠိများဖြေပါ

စကားလုံးတွေ အဖြေရှာရတာမျိုး၊ ပဟေဠိအဖြေညှိတာမျိုး လုပ်ပေးရင် ဦးနှောက်ကို တက်ကြွထက်မြက်စေပါတယ်။

alignnone size-medium wp-image-61907
(၉) ကားမောင်းတဲ့အခါ ပြတင်းပေါက်ဖွင့်ပါ

ကားမောင်းတဲ့အခါ တိတ်ဆိတ်နေရင် အလွန်အပန်းပြေစေပါတယ်။ ရာသီဥတုသာယာချိန်မှာ ပြတင်းပေါက်ကိုဖွင့်ပြီး လေကောင်းလေသန့် ရှူရှိုက်ကာ ကားမောင်းပါ။ မိုးနံ့လတ်လတ်ဆတ်ဆတ်ရချိန်မှာ သီချင်းဆိုနေတဲ့ ငှက်တေးသံလေးတွေကို နားဆင်ပါ။ ဦးနှောက်က မြင်ကွင်း၊ အသံနဲ့ အနံ့တွေကြား ဆက်စပ်မှုအသစ်ရရှိပြီး ပိုအားကောင်းစေပါတယ်။

alignnone size-medium wp-image-61908
(၁၀) အသေးစိတ်မှတ်မိအောင် လေးခုကို အာရုံစိုက်ပါ

အများကြားမှာ ရှိနေချိန်မှာပဲဖြစ်ဖြစ် လူတစ်ယောက်နဲ့ တွေ့ဆုံတဲ့အခါ အဲဒီလူရဲ့ အမှတ်အသားလေးခုကို မြင်အောင်ကြည့်ပါ။ သူ့ဆံပင်အရောင်၊ သူစီးတဲ့ ဖိနပ်အမျိုးအစား၊ သူ့ကိုယ်နံ့ စသဖြင့် သတိပြုကြည့်ပါ။

Most Popular

Healthy Life Ad
To Top