Healthy Life Ad
Life Style

လက်ဖြင့်စာရေးမှတ်ခြင်းသည် မှတ်ဉာဏ်ကို ပိုမိုကောင်းမွန်စေနိုင်

———၊ ဇွန် ၊———

အခုခေတ် ကလေးငယ်တွေဟာ ကျောင်းစတက်တဲ့အချိန်မှာကို ကွန်ပျူတာကီးဘုတ်ကို သုံးတတ်နေပါပြီ။ တကယ်တော့ ကွန်ပျူတာနဲ့ စာမရေးဘဲ လက်နဲ့စာရေးသားတာက ဦးနှောက်ကို နည်းလမ်းမျိုးစုံနဲ့ လေ့ကျင့်ပြီးသားဖြစ်နေတာကြောင့် မှတ်ဉာဏ်ကို ပိုမိုကောင်းမွန်စေတယ်လို့ လေ့လာမှုများစွာက ဆိုပါတယ်။

လက်နဲ့စာရေးသားတာက ကွန်ပျူတာနဲ့ စာကိုရိုက်တာနဲ့ မတူပါဘူး။ အကြောင်းကတော့ ကွန်ပျူတာခလုတ်ကို နှိပ်တာထက် လက်နဲ့ရေးသားတဲ့အခါမှာ စာတစ်စောင်ဖြစ်အောင် ဖန်တီးတဲ့ ဉာဏ်ရည်ဉာဏ်သွေး လိုပါတယ်လို့ ဝါရှင်တန်တက္ကသိုလ်က စိတ်ပညာပါမောက္ခ ဗာဂျီးနီးယားက ဆိုပါတယ်။ စာရေးသားတဲ့အခါ လက်ချောင်းတွေရဲ့ ရွေ့လျားမှုဟာ တွေးခေါ်နိုင်စွမ်းအား၊ မှတ်မိနိုင်စွမ်းအားနဲ့ ဘာသာစကား စတဲ့ အစိတ်အပိုင်းတွေနဲ့ သက်ဆိုင်တဲ့ ဦးနှောက်ရဲ့ အကြီးမားဆုံးအစိတ်အပိုင်းတွေကို လှုံ့ဆော်ပေးတာကြောင့်ပါ။

လက်ရေးနဲ့ စာရေးတာက ကလေးတွေကို စာလုံးပုံသဏ္ဌာန်နဲ့ စာတွေအကြောင်း လေ့လာဖြစ်အောင် ပံ့ပိုးပေးသလို စိတ်ကူးစိတ်သန်းကောင်းအောင် ကူညီပေးပါတယ်။ ဒါ့အပြင် လှုပ်ရှားနိုင်တဲ့ စွမ်းရည်ကို ဖွံ့ဖြိုးမှုရှိအောင် အားပေးပါတယ်။

ဘာနင်ဂါရဲ့ လေ့လာမှုတစ်ရပ်အရ ဒုတိယတန်း၊ စတုတ္ထတန်းနဲ့ ခြောက်တန်းကလေးတွေဟာ ကွန်ပျူတာနဲ့ စာရေးတာထက် လက်နဲ့စာစီစာကုံး ရေးတဲ့အခါမှာ စိတ်ကူးစိတ်သန်းတွေကို ပိုမိုဖော်ပြနိုင်ပြီး စကားလုံးတွေကို များများနဲ့ မြန်မြန်ရေးသားနိုင်တာကို တွေ့ရှိရပါတယ်။ လက်ကိုသုံးပြီး စာရေးတာက ကလေးတွေမှာတင် အကျိုးကျေးဇူးရှိတာ မဟုတ်ပါဘူး။ အရွယ်ရောက်လူကြီးတွေမှာ ဘာသာစကားအသစ် လေ့လာတဲ့အခါ လက်နဲ့ချရေးတာကြောင့် စာလုံးတွေကို ပိုပြီးကောင်းကောင်း မှတ်မိနေစေတာကို တွေ့ရပါတယ်။

ဒီနေ့ခေတ်မှာ လူအများစုဟာ ကွန်ပျူတာသုံးပြီး စာရေးလေ့ရှိတာကြောင့် လက်နဲ့ရေးသားတာကို ပြန်လည်လေ့ကျင့်ပေးတာဟာ ဦးနှောက်ရဲ့ တွေးခေါ်မြော်မြင်တဲ့ စွမ်းရည်အတွက် အသုံးဝင်ကြောင်း ဒတ်ခ်တက္ကသိုလ်မှ ဦးနှောက်နဲ့ အာရုံကြောပညာရှင်က ဆိုပါတယ်။

(Ref;RD)

Most Popular

Healthy Life Ad
To Top