Healthy Life Ad
Life Style

ဘရက်ပစ်နဲ့ အင်ဂျလီနာဂျိုလီနာ လမ်းခွဲပြတ်စဲမှုကနေ ဘာကိုလေ့လာနိုင်သလဲ . .

၊ သဒ္ဒါထက် ၊

ဘရက်ပစ်နဲ့ အင်ဂျလီနာဂျိုလီတို့ဇနီးမောင်နှံ လမ်းခွဲပြတ်စဲလိုက်တဲ့အခါ တစ်ကမ္ဘာလုံး အံ့အား သင့်သွားခဲ့ကြပါတယ်။ သူတို့မိသားစုကို တန်ဖိုးထား ချစ်ခင်အားကျခဲ့ကြသူတွေဆိုရင် စိတ်မကောင်းဖြစ် ခဲ့ကြပါတယ်။ သူတို့လမ်းခွဲပြတ်စဲမှုကနေ သင်ဘာ ကို လေ့လာနိုင်သလဲ၊ အတုယူနိုင်သလဲ။

(၁) စင်းလုံးချော အိမ်ထောင်ရေးဆိုတာမရှိပါဘူး
တစ်ခါတစ်ရံ လူမှုကွန်ယက်တွေမှာ တွေ့နေရတာတွေက တကယ့်လက်တွေ့အခြေအနေနဲ့ ဆန့် ကျင်ဘက်အခြေအနေလည်း ဖြစ်နေတတ်ပါတယ်။

(၂) မိမိစိတ်ခံစားမှုကို ယုံကြည်ပါ
ဘရက်ပစ်က သူ့ကို လိမ်လည်လှည့်ဖျားတယ်ဆိုပြီး ခံစားနေရတာ ကြာပြီလို့ ဂျိုလီက ဆိုပါတယ်။ နောက်ဆုံးမှာတော့ ဂျိုလီ့ထင်မြင်ချက် မှန်ခဲ့တာပါပဲ။

(၃) ခိုင်မာသော စိတ်ဓာတ် ထားရှိပါ
အိမ်ထောင်ရေး ပြတ်စဲဖို့ စတင် တောင်းဆိုခဲ့သူက ဂျိုလီပါ။ သူနာကျင်နေရင်တောင်မှ ဒီလိုပြတ်သား ဖို့စိတ်ဓာတ်ခိုင်မာတဲ့သူပါ။

(၄) ကိုယ့်ကိုယ်ကိုယ် ရပ်တည်ပါ
ဒါက အမျိုးသမီးတွေအားလုံးအတွက် သတိပေးချင်တာပါ။ ကိုယ့်ဘဝက သူတစ်ပါးအပေါ် မှီခိုမှ ရပ်တည်နေနိုင်တဲ့ ဘဝမျိုးမဖြစ်စေပါနဲ့။ ဂျိုလီဟာ ဘရက်ပစ်နဲ့ လမ်းခွဲပြီးရင်တောင်မှ သူ့ကိုယ်ပိုင်ဝင် ငွေနဲ့ရပ်တည်နေနိုင်သူပါ။

(၅) လိမ်လည်လှည့်ဖျားတတ်သူက အမြဲတမ်း လိမ်လည်လှည့်ဖျားတတ်သူပါပဲ
ဘရက်ပစ်က ဂျိုလီနဲ့ မဆုံခင်ကတည်းကအချစ် ရေးလှည့်စားမှုတွေနဲ့ နာမည်ကျော်ခဲ့သူပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top