Healthy Life Ad
Health Tips

အစာကို ကြေညက်စွာ ဝါးစားခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများ

မီမိုး ( ဆေးဝါးတက္ကသိုလ် )
အစာစာတိုင်း ကြေညက်တဲ့အထိ ကြိတ်ဝါးပြီး စားသောက်ပေးရပါမယ်။ ဒီလို ကြိတ်ဝါးစားသောက်တာကြောင့် အဓိက ကျန်းမာရေး အကျိုးကျေးဇူး လေးရပ်ကို ရရှိစေနိုင်ပါတယ်။

(၁) နံပါတ်တစ်ရရှိနိုင်တဲ့ အကျိုးကျေးဇူးက အာဟာရဓာတ်တွေကို ခန္ဓာကိုယ်က ပိုမိုစုပ်ယူရရှိနိုင်တာဖြစ်ပါတယ်။ နောက်အရေးကြီးတဲ့ တစ်ချက်က အစားအသောက် စားသောက်တဲ့နှုန်းကို လျော့နည်းစေတာပါ။ အစာစားတာ နှေးလေလေ၊ အစာကို နည်းနည်းပဲ စားဖြစ်လေလေဖြစ်ပါတယ်။ အကြောင်းကတော့ အစာစားချိန် မိနစ် ၂၀ကြာတာနဲ့ အစာအိမ်ကနေ ဦးနှောက်ဆီကို “ ဗိုက်ပြည့်ပြီ” ဆိုတဲ့ သ တင်းအချက်အလက် ပို့ဆောင်ပေးလို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် အစာစားသုံးမှုများပြီး ကိုယ်အလေးချိန် မြင့်တက်လ နိုင်ခြေကိုလည်း ကာကွယ်ထိန်းသိမ်းရာ ရောက်ပါတယ်။

(၂) အစာကို ကြေညက်အောင် ဝါးစားတာကြောင့်ရရှိနိုင်တဲ့ နောက်ထပ်ကျန်း မာရေးအကျိုးကျေးဇူးက ကျန်းမာရေး နဲ့ပိုမိုညီညွတ်တဲ့ အစာကို ရွေးချယ်စားဖြစ်လို့ပဲဖြစ်ပါတယ်။ အကြောင်းကတော့ အစာကို ကြိတ်ဝါးတာ ကြာလေလေ၊ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေကို အရသာပိုတွေ့လေလေဖြစ်ကာ ပိုစားဖြစ်လို့ပါ။

(၃) အစာကို ကြေညက်အောင် ဝါးစား တဲအတွက် အစာမကြေတာ၊ ရင်ပြည့်တာ၊ လေထတာနဲ့ဗိုက် အောင့်တာတွေ ကို မဖြစ်အောင် ကာကွယ်ပေးပါတယ်။

(၄) အစာကို ကြေညက်အောင် ဝါးစားတာကြောင့် ဝမ်းမှန်မှန်သွားစေပါတယ်
။ လေ့လာမှုတွေအရ ပါးစပ်ထဲကို အစာတစ်လုတ်သွင်းပြီးချိန်မှာ ၁၀- ၁၅ကြိမ်လောက်တော့ ကြိတ်ဝါးပေးသင့်တယ်လို့ သိရပါတယ်။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top