Healthy Life Ad
Health Tips

ဆားဝက်ခြံကင်းစေမည့်အလွယ်နည်းများ

၊ လရိပ်မေ ၊

သန့်ရှင်းကြည်လင်လှပတဲ့ အသားအရေဟာ လူတစ်ယောက်ရဲ့ အလှအပနဲ့အဆင့်အတန်းကို အဓိကပြသနေပါတယ်။ ကျန်းမာပြီး ပြစ်မျိုးမှဲ့မထင် အသားအရေပိုင်ဆိုင်ဖို့ တစ်ခုတည်းသော နည်းလမ်းကလည်း အသားအရေကို နေ့စဉ်နေ့တိုင်းထိန်းသိမ်းပေးဖို့ပါပဲ။ ဒါကြောင့် နှာခေါင်းနဲ့ မျက်နှာပေါ်မှာ ဆားဝက်ခြံတွေရှိနေလို့ စိတ်ညစ်နေတဲ့ ပျိုမေတွေအတွက် အလွယ်ဖယ် ရှားနည်းတွေကို မျှဝေလိုက်ပါတယ်။

– သံပရာရည်+ပျားရည်+သကြား

သံပရာသီးတစ်လုံးကို ထက်ခြမ်းခြမ်းပြီး အဲဒီထက်ခြမ်းခြမ်းထားတဲ့ သံပရာသီးပေါ် ပျားရည် လောင်းချလိုက်ပါ။ ပြီးရင် သကြားအနည်းငယ်တို့ပြီး မျက်နှာအသားအရေပေါ်မှာ ညင်ညင်သာသာ ပွတ်တိုက်ကာ စက်ဝိုင်းပုံစံလှည့်လည်ပေးပါ။ ဒီနည်းကို တစ်ပတ်တစ်ကြိမ်ထက် ပိုမလုပ်သင့်ပါဘူး။

– အုန်းဆီ+ရနံ့ဆီ

အုန်းဆီ ရေနွေးကြမ်းခွက်ရဲ့ လေးပုံတစ်ပုံကို အနည်းငယ်ပူအောင်လုပ်ပြီး သံပရာရည် ၁၀ စက် နဲ့ ရောမွှေပါ၊ လက်ဖက်ဆီနဲ့ လာဗန်ဒါရနံ့ဆီရှိရင် အနည်းငယ်ထည့်မွှေပေးပါ။ ရလာတဲ့အရောအ နှောကို မျက်နှာသစ်ပြီး မနက်နဲ့ညနေခင်းတွေမှာ အသားအရေအနှံ့ သုတ်လိမ်းပေးပါ။

– ဗက်ဆလင်းအလှဆီ+ပလတ်စတစ်အကြည်

ရေချိုးပြီးချိန်မှာ ရေနွေးကြောင့် ချွေးပေါက်ပွင့်သွားတတ်ပါတယ်။ အဲဒီအချိန်မှာ ဗက်ဆလင်း အလှဆီကို လိမ်းပေးပါ။ ပြီးရင် ပလတ်စတစ်အကြည်ကို ခပ်ပါးပါးလေးအုပ်လိုက်ပါ။ အပေါ်ကနေ တဘက်ပူပူလေးတင်ပြီး အေးမြလာတဲ့အထိ ထားပေးပါ။ မျက်နှာပေါ်က ဗက်ဆလင်းအလှဆီတွေကို ဖယ်ရှားဖို့ တစ်သျှူးနဲ့သုတ်ပါ။ ပြီးရင် ဆားဝက်ခြံဖုတွေမှာ ပိတ်နေတဲ့အဆီတွေကို ညင်ညင်သာသာ ညှစ်ပေးပါ။ အညစ်အကြေးတွေက အလွယ်တကူထွက်သွားပါလိမ့်မယ်။ နောက်ဆုံးမှာတော့ လိုးရှင်း လိမ်းပေးပါ။ ဒီနည်းလမ်းကို တစ်လမှာတစ်ကြိမ်၊ နှစ်ကြိမ်လောက်လုပ်ပေးသင့်ပါတယ်။

– သစ်ကြံပိုးခေါက်မှုန့်+ဂျုံမှုန့်

သစ်ကြံပိုးခေါက်မှုန့်နဲ့ ဂျုံမှုန့်ကို လက်ဖက်ရည်ဇွန်းတစ်ဇွန်းစီ ရောမွှေပြီး ရေနွေးနည်းနည်းထည့်ကာ သမအောင်မွှေပါ။ ရလာတဲ့ခရင်မ်ကို လက်ညှိုးထိပ်နဲ့ယူပြီး မျက်နှာပေါ်မှာ စက်ဝိုင်းပုံစံ ညင်ညင်သာ သာ နှိပ်နယ်ပေးပါ။ အချိန်တစ်မိနစ်လောက် ကြေးချွတ်ပေးပြီးမှ ရေအေးနဲ့ဆေးကြောချလိုက်ပါ။ ဒီ နည်းကို တစ်လမှာနှစ်ကြိမ်ထက် ပိုမလုပ်သင့်ပါဘူး။

– အုန်းဆီ+ကော်ဖီစေ့

အုန်းဆီရေနွေးကြမ်းခွက်ရဲ့တစ်ဝက်နဲ့ ကော်ဖီစေ့မှုန့်ရေနွေးကြမ်းခွက်ရဲ့ တစ်ဝက်တို့ကို ပေါင်းစပ်ပြီး မျက်နှာပေါ်ကို စက်ဝိုင်းပုံစံလိမ်းကာ ညင်ညင်သာသာနှိပ်နယ်ပေးပါ။ ကြေးချွတ်ပြီးချိန်မှာ မျက်နှာ ပေါ်မှာ အချိန်ငါးမိနစ်ခန့် ထားပေးပါ။ ပြီးမှ ရေအေးနဲ့ သေချာဆေးကြောလိုက်ပါ။ ဒီနည်းလမ်းကို တစ် ပတ် တစ်ကြိမ်သာပြုလုပ်ပေးပါ။

– ဂျုံမှုန့်+ ပျားရည်+ဒိန်ချဉ်+သံလွင်ဆီ

ဂျုံမှုန့် ရေနွေးကြမ်းခွက်ရဲ့ လေးပုံတစ်ပုံ၊ ဒိန်ချဉ် လက်ဖက်ရည်ဇွန်းနှစ်ဇွန်း၊ ပျားရည် လက်ဖက် ရည်ဇွန်းနှစ်ဇွန်းနဲ့ သံလွင်ဆီ လက်ဖက်ရည်ဇွန်း နှစ်ဇွန်းတို့ကိုရောထည့်ပြီး သမမျှတအောင်မွှေပါ။ ပြီး ရင် မျက်နှာသစ်ပြီးလိမ်းကာ စက်ဝိုင်းပုံစံအတိုင်း တစ်မိနစ်-နှစ်မိနစ်လောက် နှိပ်နယ်ပေးပါ။ တစ် ပတ်တစ်ကြိမ် ဒါမှမဟုတ် နှစ်ကြိမ်ခန့်သုံးပါ။

– သကြား+ပျားရည်+သံလွင်ဆီ

သကြားရေနွေးကြမ်းခွက်ရဲ့ လေးပုံတစ်ပုံ၊ အညိုရောင်သကြား ရေနွေးကြမ်းခွက်ရဲ့ လေးပုံတစ်ပုံကို ပန်းကန်လုံးတစ်ခုထဲထည့်ကာမွှေပါ။ ပြီးရင် သံလွင်ဆီ ထပ်ထည့်ပြီး သမအောင်မွှေပါ။ ရလာတဲ့ အရောအနှောကို မျက်နှာပေါ်လိမ်းပြီး ရေနွေးနဲ့ဆေးကြောလိုက်ပါ။ ဒီနည်းကို တစ်ပတ်တစ်ကြိမ် ပြုလုပ်ပေးသင့်ပါတယ်။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top